Part (53)

3.9K 420 3
                                    

Unicode

S city မြို့ ဆိပ်ကမ်းနံဘေးတွင် အနက်ရောင် suit အပြည့်နှင့်လူများက လုံခြုံရေးအပြည့်အဝယူထားကာ စောင့်ကြပ်နေကြသည်။ သတ်မှတ်ထားသော အရောင်းအဝယ်လုပ်မည့်နေရာကို သက်ဆိုင်သူများမှ အပမည်သူမှ ဝင်ခွင့်မရှိ။ခဏကြာတော့ ထိုနေရာကို ဂိုဏ်းခေါင်းဆောင် အသီးသီးလိုက်ပါလာသော ပြောင်လက်နေသည့် အနက်ရောင် BMW ကားများ တစ်စီးပြီးတစ်စီးရောက်လာကြသည်။ ပထမဆုံးဝင်လာသည့် ကားပေါ်မှ ဆင်းလာသူက Dragon ဂိုဏ်းခေါင်းဆောင် ကျန်းကျူး။ သူ့နံဘေးတွင် ရှန့်ခုံးနှင့် တာ့ဟိုင်က အတူတွဲဝင်လာသည်။ နောက်ထပ် ရောက်လာသူက Eagle ဂိုဏ်းခေါင်းဆောင် Jason။ Jason က သူ့လူယုံနှစ်ယောက်နဲ့ ဝင်လာပြီး ရှန့်ခုံးကို မြင်တော့ မသတီသလို စူးရဲတဲ့ အကြည့်နဲ့ ကြည့်လာသည်။ ရှန့်ခုံးက ပြုံးစစနှင့် ပြန်ကြည့်လိုက်သည်။ နှစ်ယောက်သား ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် အကြည့်ချင်း စစ်တိုက်ပြီးကာမှ Jason ကသူ့နေရာသူဝင်ထိုင်လိုက်သည်။ ထို့​နောက် ​ကျန်ရှိ​သေးသည့် ဂိုဏ်းခေါင်းဆောင်များ အသီးသီးရောက်လာကြသည်။

သတ်မှတ်ထားသည့် အချိန်ရောက်တော့ US ဘက်မှ ကုန်သည်များရောက်လာပြီး ဝယ်သူနေရာတွင် နေရာယူလိုက်ကြသည်။ US ဘက်မှ ပစ္စည်းအကြောင်းနားလည်တတ်ကျွမ်းသူ တစ်ဦးက ဂိုဏ်းအသီးသီးမှ ရောင်းမည့်ပစ္စည်းကို သေချာစစ်ဆေးတော့သည်။

ပစ္စည်းကို မြင်ပြီးတော့ US ဘက်မှ ကုန်သည်တွေက အချင်းချင်းတီးတိုးဆွေးနွေးနေကြသည်။ လျှို့ဝှက်စွာစျေးခေါ်ပြီးသားမို့ ဂိုဏ်းအသီးသီးက ခေါ်သည့်စျေးကို သူတို့မှလွဲ၍ ကျန်သူများမသိရ။ အတန်ကြာဆွေးနွေးပြီးတော့ ဝယ်လက်ဘက်မှ ဆုံးဖြတ်လိုက်ကြသည်။ ဘယ်ဂိုဏ်းကို ရွေးမည်ဆိုတာ မကြေငြာမီ ဂိုဏ်းအသီးသီးက အသင့်အနေအထားနှင့် စောင့်နေကြသည်။

"ကျုပ်တို့ရွေးလိုက်တဲ့ ပစ္စည်းက D25M ပါ။ ဒီပစ္စည်းက အရည်အသွေးကောင်းတယ်။ စျေးခေါ်ထားတာလဲ ကျုပ်တို့အတွက် သင့်တယ်။"

ထိုစကားကို ကြားတော့ ကျန်းကျူးက အားရပါးရ ပြုံးလိုက်ကာ

"ကျွန်တော်တို့ ပစ္စည်းကို ရွေးလို့ကျေးဇူးတင်ပါတယ်။ အရည်အသွေးကတော့ စိတ်ချ ကုန်ကြမ်းတွေကို အကောင်းဆုံးဆိုတဲ့ mian dian (သွေ့ပုချီ...fic လိုပဲတွေးပါ). ကနေမှာထားတာပါ။ ရှေ့လျှောက်ပူးပေါင်းသွားဖို့မျှော်လင့်ပါတယ်"

My Dear Enemy (season-2)Where stories live. Discover now