Part (63)Final

8.5K 636 90
                                    

Unicode

"ဘယ်လိုလဲ အဆင်ပြေသွားကြပြီလား"

ခုနကပဲ စိတ်ကောက်နေကြပြီး အခုရေချိုးခန်းထဲကနေ ဟီးဟီးဟားဟားနှင့် ထွက်လာသည့် သားအဖနှစ်ယောက်ကို ရိပေါ် တမင်မေးလိုက်တော့

"ဟုတ်ကဲ့ ဒယ်ဒီ သားမှားပါတယ်။"

ရိပေါ်က ရှောင်းကျန့်လို သားနှင့် လုံးထွေးပူးကပ်ပြီးမနေတော့ သားက ရိပေါ်ကိုနဲနဲရှိန်သည်။

"ဝမ်ရှောင်းယွမ် ဒယ်ဒီပြောတာ သေချာနားထောင်....အခုကတော့ ဒယ်ဒီတို့မှားတာဆိုတော့ ထားပါ​တော့ နောက်တစ်ခါဆို အကြောင်းအရင်းမရှိဘဲ စိတ်ဆိုးစိတ်ကောက်မလုပ်ရဘူး။ ပါပါးနဲ့ ဒယ်ဒီ့ကို စိတ်ညစ်အောင်မလုပ်ရဘူး​နော်....ကြားလား"

"ဟုတ်"

"သေချာပြော ရှောင်းယွမ်"

"ဟုတ်ကဲ့ ကြားပါတယ် ဒယ်ဒီ"

"မင်းပုံစံကလေ မင်းပါးနဲ့ တကယ်တူတယ်သိလား"

"တူမှာပေါ့ သားအဖပဲကို"

"ဟွန့်ဟုတ်ပါပြီ"

သားအဖသုံးယောက်ထမင်းစားပြီး ညအိပ်ရာဝင်ချိန်ရောက်တော့ ရိပေါ်နဲ့ရှောင်းကျန့်အိပ်မလို့ပြင်တုန်း....ရှောင်းယွမ်က သူ့ခေါင်းအုံးလေးပိုက်ပြီးရောက်လာကာ ရှောင်းကျန့်ဘေးမှာ ဝင်အိပ်ဖို့ပြင်သည်။ ရိပေါ်ကို မြင်မှ

"ဒယ်ဒီ သားဒီနေ့ ပါးပါးနဲ့ အိပ်လို့ရလား"

"အိပ်ချင်အိပ်"

"လာ....အားယွမ်...အလယ်မှာအိပ်"

ရှောင်းယွမ်က ကုတင်ပေါ်တက်လာပြီး ရှောင်းကျန့်ရင်ဘတ်ပေါ်မှောက်ချလိုက်သည်။ ခဏနေတော့ ဟောက်သံပိစိလေးထွက်လာကာ အိပ်ပျော်သွားသည်။

"ချစ်ဖို့ကောင်းလိုက်တာ ပေါက်စလေးရယ် ဖြေးဖြေးချင်းပဲ ကြီးပြင်းလာရမယ်နော်"

ရိပေါ်က သူ့အသည်းနှလုံးလေးနှစ်ယောက်ကို သိမ်းကြုံးပြီးဖက်လိုက်တော့ ကလေးဖေဖေလေးက ရိပေါ်ရင်ခွင်ထဲကို တိုးဝင်လာသည်။

"မွ......good night ကျွန်တော့်အချစ်"

"မွ......good night ခွေးပေါက်လေး"

My Dear Enemy (season-2)Where stories live. Discover now