Part (23)

5.4K 570 25
                                    

Unicode

"သေချာပြန်စဥ်းစားပါ ခင်ဗျားတို့ရဲ့ လုံခြုံရေးတွေက ကျွန်​တော်တို့ ရဲတွေလောက်စိတ်ချရလား။ ခင်ဗျားတို့ကတော့ ယုံကြည်ပြီးခန့်ထားတာ ဆိုပေမဲ့ ခင်ဗျားတို့ အဲ့ဒီလုံခြုံရေးဆိုတဲ့ အဖွဲ့ထဲမှာ တရားခံပါနေနိုင်တာပဲ။ ကျွန်တော်တို့ဘက်ကတော့ တတ်နိုင်သမျှရှင်းပြပြီးပြီ ကျန်တာတော့ ခင်ဗျားတို့ဆုံးဖြတ်ပေါ့။ ခင်ဗျားတို့နှစ်ယောက်ထဲက တစ်ယောက်က အရင်အသတ်ခံရမှာဆိုတော့ ကျန်တဲ့တစ်ယောက်အတွက် စဥ်းစားချိန်ရသေးတယ်"

"မင်းလိုမလောက်လေးမလောက်စားကများ......."

"လူကလက်တောက်လောက်လေးနဲ့ ငါတို့ကို ဆရာလာမလုပ်နဲ့"

"ခင်ဗျားတို့က ကျွန်တော့်ဆိုဒ်ကိုသိလို့လား ခင်ဗျားတို့ကမှ အသက်ကြီးပြီး ဦးနှောက်အချိန်မစီးတဲ့ သူတွေ"

"မင်း"

"ထိုးလေ ခင်ဗျားက ရဲကိုထိုးချင်တာလား"

အထဲက ရန်ဖြစ်နေတဲ့အသံတွေကြောင့် ရှောင်းကျန့် စိတ်လေသွားသည်။

'ငါထင်တယ် ပြောတော့ဖြင့် ကျွန်တော်ပြေလည်အောင် ညှိနှိုင်းခဲ့မယ်ဆိုပြီး ဟိုကထတောင်ထိုးတော့မယ် ဘယ်လိုများညှိနှိုင်းလိုက်လဲမသိ။ သူသာ ငြိမ်းချမ်းရေး သံတမန်လုပ်လို့ကတော့ ငါးပါးမှောက်မှာ မြင်​ယောင်တယ်'

"ခင်ဗျားတို့ ဟွမ်လင်းချောင်ဆိုတဲ့သူကိုသိလား။ သိမှာပါ မသိချင်​ယောင်ဆောင်မနေပါနဲ့ ခင်ဗျားတို့ပဲ လွန်ခဲ့တဲ့ ဆယ်နှစ်က ကားနဲ့တိုက်ခဲ့တာလေ ငြင်းမယ်မကြံနဲ့နော် ကျွန်တော်ကရဲ ကျွန်တော်တို့မှာ မှတ်တမ်းတွေအကုန်ရှိပြီးသား။ အခုသူ့သားပြန်ပေါ်လာပြီး ခင်ဗျားတို့ရဲ့ သူငယ်ချင်းနှစ်ယောက် ခင်ဗျားတို့မျက်စိရှေ့မှာတင် အသတ်ခံလိုက်ရပြီ။ မကြာခင်...ခင်ဗျားတို့အလှည့်ပေါ့။ တရားခံက တော်တော် စည်းစနစ်ကျတယ်ဗျ။ တစ်ယောက်ချင်းသတ်တာ သတ်နည်းကလဲ ခင်ဗျားတို့ သူ့အဖေကို သတ်ခဲ့တုန်းကလို ကားနဲ့တက်​ကြိတ်တာ ဟုတ်တယ် အရှင်လတ်လတ်.... တွေးမိရုံနဲ့ ကြက်သည်းထစရာကြီးနော် အရိုးတွေကျိုးကုန်ရင်တော့ ပတ်ကျိလို ပျော့စိစိကြီးဖြစ်နေမှာ။ ခင်ဗျားတို့အရှေ့က ငါးယောက်ကတော့ အဲ့လိုပျော့ပျော့ကြီးဖြစ်သွားတာပဲ မနဲသယ်လာခဲ့ရတယ်။ ပြောရဦးမယ် ကျွန်တော်က ပိုးကောင်တွေရွံတယ်ဗျ။ ခင်ဗျားတို့ရော ရွံလား။အဟွန်း..... ဒီကောင်က ခင်ဗျားတို့မိသားစုတွေကိုပါ အလွတ်ပေးမယ်မထင်ဘူး။ ဒီကောင်လေး သူ့အဖေဆုံးတုန်းက ဆယ့်နှစ်နှစ်ဆိုတော့ ခု၂၂နှစ်ပေါ့။ အရွယ်ကောင်းလေးပဲ။ ဆယ်နှစ်ကြာစုဆောင်းထားတဲ့ နာကျည်းမှုပေါ့လေ။ ခင်ဗျားတို့အဖြစ်ကမတွေးဝံ့စရာပဲဗျာ....ကျွတ်ကျွတ်....."

My Dear Enemy (season-2)Where stories live. Discover now