Part (21)

6K 589 31
                                    

Unicode

နှစ်ယောက်သားကားပါကင်ကို ဆင်းလာ​တော့ ရှောင်းကျန့်ဆီကို ကားတစ်စီးက အရှိန်နဲ့တည့်တည့်ကြီးမောင်းလာသည်။

"ဟင်"

"ကိုကို သတိထား"

"ဒုန်း"

ရှောင်းကျန့်က ဘေးကိုအတွန်းခံလိုက်ရလို့ လဲသွားပေမဲ့ ဘာမှမဖြစ်သွား။ ရိပေါ်က တော့ ခပ်လှမ်းလှမ်းမှာ သွေးတွေစီးကျပြီးလဲနေသည်။

"ရိပေါ်!!"

ရဲတပ်ဖွဲ့ဝင်တွေပြေးလာတော့ ထိုကားက အပြင်ကို မောင်းပြေးသွားသည်။ ရှောင်းကျန့်က ချက်ချင်းရိပေါ်ဆီပြေးသွားလိုက်သည်။

"ရိပေါ်...ကိုကို့ကို မြင်ရတယ်မလား"

"အင်း...ကိုကိုဘာဖြစ်သွားသေးလဲ"

"ငါကဘာဖြစ်မှာလဲ အရူးရဲ့ မင်းဖြစ်တာလေ။ သတိလစ်မသွားစေနဲ့ စိတ်တင်းထားစမ်း....ဟျောင့် ဝမ်ရိပေါ် မျက်လုံးမမှိတ်လိုက်နဲ့လို့ငါပြောနေတယ်"

ရဲစခန်းဝင်းထဲမှာပဲမို့ တော်သေးသည်ပြောရမည်။ ရိပေါ်ကို ချက်ချင်းဆေးရုံတင်လိုက်နိုင်သည်။ ရဲစခန်းထဲက ကားပါကင်ထဲကိုဝင်လာသည်အထိ တရားခံက တော်တော်ရဲတင်းသည်။
_______________________
"Immm........."

ရိပေါ်သတိရလာသည်နှင့် ဘေးမှာသူ့လက်ကို ကိုင်ပြီးစောင့်နေသည့် ရှောင်းကျန့်ကိုတွေ့တော့ ပျော်သွားရသည်။

"မင်းသတိရပြီလား ဘယ်လိုနေလဲ ခေါင်းကိုက်လား"

"ခေါင်းထဲက နာတယ် ကိုကို"

"တအားနာတာလား ကိုကို့အပြစ်ပါကွာ ကိုကို့ကြောင့်မင်းခံရတာ"

"ကိုကိုသာ အတိုက်ခံရရင် ကျွန်တော်အဲ့ကောင်ကို သွားသတ်မှာ"

"ဟုတ်ပါပြီ  ကောင်းကောင်းအနားယူလိုက်ဦးနော် အမှုတွေကိုကို့ကိုပဲ လွှဲထားလိုက် မင်းနေကောင်းအောင်အရင်လုပ်"

"ကျွန်တော့်ကို တစ်ယောက်ထဲမထားခဲ့ပါနဲ့ ကိုကိုရယ် ကိုကိုမရှိတုန်း လူသတ်သမားက ကျွန်တော့်ကို သတ်သွားရင် ဘယ်လိုလုပ်မလဲ ကိုကိုရင်ကျိုးရမှာပေါ့ ရိပေါ်လေးကို ငါမကာကွယ်နိုင်လိုက်ဘူး ရိပေါ်လေး ငါ့ကြောင့်အသတ်ခံရတာ ဆိုပြီးတော့လေ"

My Dear Enemy (season-2)Where stories live. Discover now