Part (2)

7.7K 708 22
                                    

Unicode

"Captain" "Captain"

ဝမ်ရိပေါ် ရုံးကိုရောက်တော့ ရဲအရာရှိများက အလေးပြုပြီးနှုတ်ဆက်ကြသည်။ ဒီနှစ်ဆယ့်​ခြောက်နှစ်အရွယ်လူငယ်လေးက အများလေးစားရတဲ့ ပုဂ္ဂိုလ်လေးဖြစ်နေတော့ ရုံးမှာဆိုလျှင် တခါတလေ ရှောင်းကျန့်ပင်လေးလေးစားစားဆက်ဆံရသည်။ သူ့ကလေး၏ အရှိန်အဝါက မသေးဘဲကိုး။

"Captain, ဆရာ...ရောက်လာပြီလား"

"အေးယွီပင်း အမှုရှိလို့လား"

"ဟုတ်ကဲ့ဆရာ"

"ရုံးခန်းထဲသွားတာပေါ့ ကလေးတွေရော အကုန်ဆုံပြီလား"

"ဟုတ်ကဲ့ Captain"
__________________________
At meeting room

"သေဆုံးသူ အမျိုးသမီးကြီးနာမည်က ချီယွဲ့ရင်တဲ့။ အသက်ငါးဆယ်ကျော်ပါ၊ သားသမီးမရှိဘဲ ခင်ပွန်းဖြစ်သူနဲ့ နှစ်ယောက်ထဲနေပါတယ်။ သေဆုံးသူက ရပ်ကွက်ထဲမှာ ငွေတိုးချေးစားပြီး အပြောအဆိုလဲအရမ်းကြမ်းပါတယ်တဲ့။ အခုသူအသတ်ခံရတာကို ရပ်ကွက်သားတွေက ဝမ်းသာနေကြတယ်။ တရားခံကို ဘယ်သူရယ်လို့ မသိကြပေမဲ့ အဲ့ဒီတရားခံကိုပဲ ကျေးဇူးတင်နေကြတယ်ဗျ။"

"မျက်မြင်သက်သေရှာရခက်မှာပဲ"

"အခင်းဖြစ်တဲ့နေရာကိုသွားကြမယ်။"

"ဟုတ်ကဲ့ Captain"

"အိုးရန် သွားကြမယ်"

"ဟုတ်ကဲ့ပါဆရာ"

အိုးရန်က ရှောင်းကျန့်၏ တပည့်အသစ်လေးပင် အသက်ကနှစ်ဆယ်ကျော်သာရှိသေးပြီး သင်ယူချင်စိတ်များသည်။ သွက်လက်ချက်ချာသည်။ ရှောင်းကျန့်အကူရအောင် ရိပေါ်က ခေါ်ထားပေးခြင်းဖြစ်သည်။
________________________
အခင်းဖြစ်ပွားရာနေရာ

"သေဆုံးသူရဲ့ကိုယ်ပေါ်မှာ ဓားဒဏ်ရာတစ်ချက်ပဲတွေ့တယ်။ အချိန်မီဆေးရုံရောက်ရင် အသက်မှီနိုင်ပေမဲ့ သွေးထွက်လွန်ပြီး သေဆုံးတာပဲ။ သေဆုံးချိန်က လွန်ခဲ့တဲ့ လေးနာရီလောက်က။"

ရှောင်းကျန့် ပြောသမျှကို အိုးရန်က အကုန်လိုက်ရေးပြီး မှတ်နေသည်။

"ဒဏ်ရာက အရမ်းနက်လား"

ရိပေါ်က မေးတော့ ရှောင်းကျန့်ဒဏ်ရာကို သေချာစစ်ဆေးလိုက်သည်။

My Dear Enemy (season-2)Where stories live. Discover now