Part (12)

6.1K 568 8
                                    

Unicode

"သေဆုံးသူ ချင်ကျန်းလီ နဲ့ လုဖန်က လင်မယားတွေပါ။ နှစ်ယောက်သားက လတ်တလော ကွာရှင်းဖို့တရားရင်ဆိုင်နေပါတယ်။ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စကားများကြရာက လက်လွန်သွားပုံပဲ။ ခင်ပွန်းဖြစ်သူက အဆိပ်ခတ်ခံရပြီးတော့ ဇနီးဖြစ်သူက ဓားထိုးခံရပြီးဆုံးတာပါ"

"အလောင်းတွေကို forensic lab ထဲပို့လိုက်တော့"

"နေဦး ယွီပင်း ငါစစ်ဆေးဦးမယ်"

ရှောင်းကျန့်က ခပ်ဖြည်းဖြည်းလျှောက်ရင်း အနောက်က အိုးရန်က အထုပ်တွေဆွဲပြီး ရောက်လာကြသည်။

"ဆရာ.....အဲ အဆင်ပြေရဲ့လား ဆရာ့ကိုကြည့်ရတာ ထော့နဲ့ထော့နဲ့ဖြစ်နေသလိုပဲ"

"ဘာမှမဖြစ်ဘူး"

"ကျန့်ကော....အိမ်မှာပဲနားနေပါဆို"

"ငါက forensic doctor လေ ငါ့အလုပ်တော့ငါလုပ်ရမှာပဲ"

"..........."

ရှောင်းကျန့်က အလောင်းများကို စစ်ဆေးပြီးနောက်

"သေဆုံးသူအမျိုးသမီးက ဓားဒဏ်ရာ သုံးချက်နဲ့ သေစေနိုင်တဲ့နေရာတွေကို အထိုးခံထားရတယ်။ ယောကျ်ားက အဆိပ်မိပြီးဆုံးတာဆိုပေမဲ့ သူမသေခင် ဆေးသုံးထားတဲ့ လက္ခဏာတွေ တွေ့ရတယ်။ ဆေးနဲ့မတည့်တဲ့ chemical တစ်ခုကြောင့်သေတာ။ ဒီဖန်ခွက်ထဲက ဝိုင်ထဲမှာ အဲ့ဒီchemical ကိုထည့်ထားတာပဲ။ ယွီပင်း....ဒီခွက်ကို lab ထဲပို့လိုက်......ယောကျ်ားဖြစ်သူက တမင်တကာ စီစဥ်ထားပြီး အသတ်ခံရတာ။ သေဆုံးသူအမျိုးသမီးက ကြိုတင်စီစဥ်ထားတာလို့လဲ ယူဆလို့ရတယ်။"

"အဲ့တာဆို သူတို့အချင်းချင်းပြန်သတ်တာပေါ့"

"အတိအကျတော့ပြောလို့မရသေးဘူး။ ဒီခွက်ထဲက chemical ကိုအရင်စစ်ဆေးရမယ်"

"ဆရာ....Captain,....သေဆုံးသူရဲ့ မိသားစုဝင်နဲ့တွေ့ဖို့ စီစဥ်ပြီးပါပြီ"

"အင်း"

ဧည့်ခန်းထဲမှာ သေဆုံးသူ၏ မိသားစုဝင်ဖြစ်ဟန်တူသော အမျိုးသမီးတစ်ဦးထိုင်နေသည်။ရဲပေါက်စလေးများက ထိုအမျိုးသမီး၏ ပြစ်မျိုးမှဲ့မထင်အလှမှာ နစ်မြောနေကြသည်။ယွီပင်းက တစ်ချက်ချောင်းဟန့်လိုက်ကာမှ သတိအနေအထားနှင့်ပြန်နေလိုက်ကြသည်။ မိသားစုဝင် ဆုံးရှုံးထားသူတို့ ထုံးစံအတိုင်း ဝမ်းနည်းပက်လက်ဖြစ်နေပေမဲ့ အလှပင်ပျက်မသွားသည့် ထိုအမျိုးသမီးရဲ့ ရုပ်ရည်ကို ရှောင်းကျန့်ပင် မချီးကျူးဘဲမနေနိုင်။

My Dear Enemy (season-2)Where stories live. Discover now