Part (26)

5.7K 562 7
                                    

Unicode

Ryan က သတိလစ်နေသည့် ကျန်းလီရင်ကို ရေနဲ့လောင်းချလိုက်တော့ သတိရလာပြီး ရုန်းကန်နေတော့သည်။

"သတိရလာပြီလားဗျ။ ဘာလဲခင်ဗျားက ခင်ဗျားအလှည့်မရောက်တော့ဘူးလို့ ထင်နေတာလား။ ရယ်ရတယ် ခင်ဗျားတို့က ကျုပ်ကိုလှည့်စားမလို့ပေါ့လေ။ နေပါဦး ခင်ဗျားတို့အကြံလေးကို ပြောကြည့်ဦးမယ်။ ခင်ဗျားစီးလာတဲ့ကားကို လမ်းကြားထဲချိုးဝင်ပြီး တစ်ပုံစံတည်းတူတဲ့ကားတစ်စီးထွက်လာမယ်။ အဲ့ဒီကားထဲမှာ ဟိုလူပါလာမယ်။ ခင်ဗျားကတော့ အရင်ထားထဲမှာ ကျန်ခဲ့မယ်။ ကျုပ်က သောက်ပေါလိုမျိုးဘာမှမသိဘဲ ဟိုလူပါလာတဲ့ကားကို မောင်းပြီး ဒီကိုခေါ်ထုတ်လာ။ ကားထဲမှာနဲ့ သူ့ကိုယ်ပေါ်မှာရှိတဲ့ GPS ကြောင့် ရဲတွေလိုက်လာ၊ ပြီးတော့ကျုပ်ကိုဖမ်းလိုက်ရော ရယ်ရလိုက်တာနော် ကလေးတွေတောင်တွေးတတ်တယ် အဲ့လိုမျိုး။ နှမြောဖို့ကောင်းတာက ခင်ဗျားတို့ရဲ့ ဇာတ်လမ်းလေးကို အဆုံးထိမသွားလိုက်ရဘူး။ ကျုပ်ကကြားကနေ ဝင်ဖျက်လိုက်သလိုဖြစ်သွားတယ်။ ခင်ဗျားတို့က ဒီလိုကိစ္စမျိုးကို ကျုပ်တစ်ယောက်ထဲ လှုပ်ရှားမယ်ထင်နေတာလား။ ကျုပ်က ဝမ်ရိပေါ်ဆိုတဲ့ရဲ နဲ့ တစ်ကားထဲစီးလာပေမဲ့ ကျန်းလီရင်ကို ဖမ်းခေါ်လာဖို့က ကျုပ်လူတွေကို တာဝန်ပေးထားပြီးသား။ ထားပါတော့ ကိုယ့်ဂုဏ်ကို ဖော်မနေတော့ပါဘူး။ ဇာတ်လမ်းက ခင်ဗျားတို့ ထင်ထားသလို happy ending မဖြစ်တော့ဘူးဗျာ....ဟားဟား....."

Ryan က သူ့လုပ်ငန်းစဖို့ ကားပေါ်တက်ပြီး စက်နှိုးလိုက်သည်။ တစ်ကိုယ်လုံးကြိုးနှင့်အတုပ်ခံထားရသည့် ကျန်းလီရင်က မြေကြီးပေါ်မှာ လူးလှိမ့်ရင်း ရုန်းကန်နေလေသည်။

"Ryan.....ရပ်လိုက်စမ်း.....Psychoကောင်"

"ဝမ်ရိပေါ် နားညီးတယ် တိတ်တိတ်နေစမ်း ပြီးရင် ခင်ဗျားအလှည့်လာမယ်"

Ryanက ကားကို အရှိန်ပြင်းပြင်းနဲ့ ကျန်းလီရင်ရှေ့သို့မောင်းအသွား

"......ကျွီ............ဒုန်း........"

Ryan ရဲ့ကားကို အပြင်မှ တရကြမ်းမောင်းဝင်လာသည့် ကားတစ်စီးက ဘေးတစ်စောင်းအနေအထားဖြင့် ဝင်တိုက်လိုက်သည်။ Ryan ရဲ့ကားက ဘေးကိုလွင့်သွားပြီး နဖူးမှ သွေးစီးကျနေသည့် Ryan က ကားထဲမှ ဒေါသတကြီးထွက်လာသည်။

My Dear Enemy (season-2)Where stories live. Discover now