Part (42)🚨

6K 510 34
                                    

🚨🚨🚨

Unicode

"ဝမ်ကိုကိုလေး.......ပေါ်တိ....ပေါ်ပေါ်"

မသုံးတာကြာပြီဖြစ်တဲ့ ယုန်မာယာတွေ ထုတ်သုံးကာ စိတ်ကောက်နေသူလေးကို ချော့နေရသည်။

"အဲ့တာတကယ်မတော်တဆပါဆို....ကိုကို့ကို မယုံဘူးလားလို့"

မျက်လုံးလေးပေကလပ်ပေကလပ်နှင့် နှုတ်ခမ်းဆူပြီးမေးလေတော့ ရိပေါ်က စောင်းငဲ့ကြည့်လာကာ

"ကြယ်သီးကရော ဘာလို့ အကုန်ပြုတ်နေရတာလဲ"

"ကြယ်သီးက သူလာဖြုတ်တာလေ သရုပ်ဆောင်နေတာဆိုတော့ ကိုကိုလဲ"

"ငြိမ်ခံနေတာပေါ့"

"မင်းကလဲ"

"ကိုကို သူ့ရင်ဘတ်ကို မျက်လုံးကြီးပြူးပြီး ကြည့်နေတာ ကျွန်တော်မြင်တယ်ဗျ"

"မကြည့်ပါဘူး ဒီတိုင်းသူကမူးပြီးလဲတော့မလိုဖြစ်တော့ ကိုကိုကလှမ်းထိန်းလိုက်တာ။ အဲ့မှာ မျက်လုံးနဲ့တန်းသွားတာပါ တကယ်ပါဆို..."

"တကယ်နော်"

"အင်း"

"ပြီးရော ကျွန်တော် regional ရဲဌာနကိုသွားဦးမယ် တရားခံသွားပို့မလို့ လိမ်လိမ်မာမာနေခဲ့"

"အွန်း....မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့နော်"

အဆင်ပြေသွားပြီတွေ့လား ရိပေါ်က ဘယ်လောက်တင်းထားတင်းထား ကျန့်ကျန့်တစ်ချက်ချွဲလိုက်တာနဲ့ ပျော့သွားပါတယ်ဆို။
__________________________
ဒီနေ့က သူတို့နှစ်ယောက်ရဲ့ လေးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့။ ရိပေါ်က ဘာတွေပြင်ဆင်နေသည်မသိ မနက်ကတည်းက အလုပ်တွေရှုပ်နေသည်။ ရှောင်းကျန့်ကတော့ ရေဆော့လိုက်၊ ကမ်းခြေမှာလျှောက်သွားလိုက် စားလိုက်သောက်လိုက်နှင့်။

"အရသာရှိလိုက်တာ"

"စားလို့ကောင်းတယ်မလားဆရာ"

"အေးကောင်းတယ်"

"အစ်ကိုယွီပင်း ရှေ့မှာကြည့်ပါဦး စကီအလန်းလေးတွေ မော်ဒယ်တွေလားမသိဘူး"

အိုးရန်ပြတဲ့နေရာကို လှမ်းကြည့်လိုက်တော့ အရောင်အသွေးစုံလှသည့် မိန်းမပျိိုလေးများ ရေကစားနေကြတာကိုတွေ့လိုက်ရသည်။

My Dear Enemy (season-2)Where stories live. Discover now