Part (49)

4.8K 480 31
                                    

Unicode

"အ......."

ရှောင်းကျန့် ထိုင်နေရာကနေ ဆတ်ခနဲထလိုက်တော့ နောက်နားဆီက ဆစ်ကနဲ နာကျင်သွားသည်။

"ဆရာ ဘာဖြစ်လို့လဲ"

"ဟို....ခါး....ခါးနာနေလို့"

"မနေ့က ဆရာ....."

"အေးအဲ့တာပြောမလို့ ငါဒီနေ့သွားစရာရှိသေးတယ်"

"အဲ့ဒီကိုပဲ ထပ်သွားမလို့လားဆရာ...."

"မဟုတ်ဘူး....တခြားနေရာ"

"ကျွန်တော် လိုက်ခဲ့ရမလားဆရာ"

"ရတယ် မင်းနေခဲ့ပါ"

ရှောင်းကျန့် ယွီပင်းကို အသိမပေးသေးဘဲ တစ်နေရာကို ထွက်လာခဲ့သည်။ မနေ့က သူတို့နှစ်ယောက် ချစ်ပွဲဝင်နေတုန်း အရိပ်အမြွက်ပြောပြသွားတဲ့စကားနဲ့ ပိုက်ဆံထုပ်ကြားမှာ ညပ်ပါလာတဲ့ အခန်းpassword ကြောင့် ရှောင်းကျန့် တန်းတန်းမတ်မတ်ပဲ ရောက်လာခဲ့သည်။

"ဒီအခန်းပဲ"

ကွန်ဒိုအခန်းတစ်ခန်းရှေ့ရောက်တော့ ရှောင်းကျန့်ရင်တွေခုန်လာသည်။ အသက်၃၄ ရောက်ကာမှ ဆယ်ကျော်သက်လို ရင်တွေခုန်နေတဲ့ ကိုယ့်ကိုကိုယ်ပြန်ဆုံးမနေရသည်။

နောက်မှ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ အခန်း password ကို သူ့မွေးနေ့ရိုက်ထည့်လိုက်တော့ တံခါးပွင့်သွားသည်နှင့် အထဲသို့ ဝင်လိုက်သည်။

အခန်းထဲကို ဝေ့ကြည့်တော့ လူရှိမနေ ရေချိုးခန်းဆီမှ ရေကျသံကြားနေရတော့ ဆိုဖာပေါ်မှာပဲထိုင်ရင်းစောင့်နေလိုက်သည်။ ခဏနေတော့ တံခါးလှပ်သံနှင့်အတူ ခါးမှာ သဘက်လေးပတ်လျက် ရိပေါ်ထွက်လာသည်။ ခေါင်းလျှော်ထားတာကြောင့် ဆံနွယ်အရှည်မှ ရေစက်များ စီးကျနေသည်။ ဖြူဖွေးနေသည့် ကျောပြင်ထက်မှာ နဂါးပုံ တက်တူးက ဝင့်ကြွားစွာရှိနေသည်။

ခေါင်းကို ရေသုတ်နေသည့် ရိပေါ်က ရှောင်းကျန့်ကို မြင်တော့ အံ့သြသွားပုံရသည်။ ရှောင်းကျန့်ကလဲ ဆိုဖာပေါ်မှာထိုင်နေရာမှ မရဲတရဲနှင့် အနားကို ကပ်သွားကာ ရေစိုနေသည့်ရိပေါ်ကိုယ်လုံးကို ဖက်လိုက်သည်။

My Dear Enemy (season-2)Where stories live. Discover now