Part (25)

5.4K 563 16
                                    

Unicode

"ကျွန်တော်အဲ့ဒီမြေခွေးအိုကြီးတွေနဲ့ စကားမပြောချင်ဘူးကိုကို"

"မင်းမပြောရင် ကိုကိုပြောမယ်၊ မင်းစကားပြောပုံနဲ့လဲ အဆင်ပြေမှာမဟုတ်ဘူး"

"ကိုကိုကျတော့ ပါးနဲ့တောင်အဆင်မပြေဘဲနဲ့"

"ဟာမင်းကလဲ ငါကမင်းပါးနဲ့သာအဆင်မပြေတာ ကျန်တဲ့သူတွေနဲ့ပြေတယ်"

"သေချာလို့လားကိုကို"

"သေချာတယ် ကိုကို့ကိုယုံ"

"ကိုကို....ဟိုလိုမျိုးတွေ...မာယာတွေနဲ့ သိမ်းသွင်းတာမျိုးမလုပ်ဘူးမလား"

"မာယာနဲ့သိမ်းသွင်းရအောင် ငါကမိန်းမကြီးလား။ တစ်လောကလုံးမှာ မင်းတစ်ယောက်ထဲငါ့ကို အဲ့လိုမြင်နေတာ"

"ကျွန်တော်ကစိတ်ပူလို့ပါ"

"စိတ်ပူမနေနဲ့ ခုချက်ချင်းတွေ့ဖို့စီစဥ်ပေးတော့"

"မလွယ်လောက်ဘူးထင်တယ်"
__________________________
"ကြီးကျယ်လိုက်တာ ငါတို့ကလဲ သူ့သားကိုကာကွယ်ပေးရသေးတယ်။ သူကပဲအိမ်ထဲဝင်ခွင့်မပေးနိုင်ဘူးဖြစ်ရတယ်။ ရဲတွေကို ဘာများမှတ်နေလဲ။ သူကလွှတ်တော်အမတ်ဆိုတိုင်းကြောက်ရမှာလား ဒီမှာ မြေခွေးအိုကြီး ကျုပ်ယောက္ခမက ရဲမှူးချုပ်ဗျ ခင်ဗျားကိုအသာလေးတောက်ချလိုက်လို့ရတယ်။ ခင်ဗျားကျုပ်ကို ဘာမှတ်နေလဲ"

"စိတ်ထိန်းကိုကို စိတ်ထိန်း"

လေကြီးမိုးကြီးတွေပြောပြီး သူတို့နှစ်ယောက်ကို အိမ်ထဲတောင်ပေးမဝင်တော့ ငြိမ်းချမ်းရေး သံတမန်ကြီး ရှောင်းကျန့်က ခြံရှေ့မှာ အော်ဟစ်နေတော့သည်။ ရိပေါ်က ပြန်ပြီးတော့တောင် ထိန်းနေရတဲ့ ကိုကိုက တကယ့်အဆိုးလေး။

"ခြံရှေ့မှာ အော်နေတဲ့ တစ်ယောက်က ရဲမှူးချုပ် ဝမ်ကျောက်ဟန်ရဲ့ သားမက်လား"

အိမ်ထဲကနေ လှမ်းကြည့်နေတဲ့ လွှတ်တော်အမတ်ကျန်းက ရှောင်းကျန့်ကို သေချာကြည့်ပြီး သူ့တပည့်ကို မေးလိုက်သည်။

"ဟုတ်ပါတယ်"

"ဝမ်ကျောက်ဟန်မှာ သမီးရှိတယ်လို့ မကြားမိပါဘူး ငါသိတာတော့ သားနှစ်ယောက်လားလို့"

My Dear Enemy (season-2)Where stories live. Discover now