Part (35)

4.9K 511 25
                                    

Unicode

သတင်းစာရှင်းလင်းပွဲ

"အခုကျွန်တော့်ကို စွပ်စွဲထားတဲ့ ကိစ္စတွေဟာ အလိမ်အညာတွေချည်းပါပဲ။ ရွေးကောက်ပွဲနီးလို့ တမင်တိုက်ခိုက်တာလို့ပဲပြောချင်ပါတယ်။ ဘယ်သူတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုမျိုး ကျွန်တော့်ကို လုပ်ကြံတိုက်ခိုက်နေကြတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒီလူတွေကိုလဲ ဖော်ထုတ်ဖို့ မကြိုးစားတော့ပါဘူး။ ကျွန်တော့်ကို ထောက်ခံတဲ့ ပြည်သူတွေကတော့ ကျွန်တော့်အကြောင်းကို ရှင်းရှင်းလင်းလင်းသိမှာပါ။ ကျွန်တော်ဟာ ဘယ်နည်းနဲ့မှ ကိုယ့်သားကို ပြန်သတ်ရတဲ့အထိ အာဏာရူးနေတဲ့သူမဟုတ်ပါဘူး။ သားတစ်ယောက်ဆုံးရှုံးထားတဲ့ အဖေတစ်ယောက်ကို ဒီလိုစွပ်စွဲတာဟာ အရမ်းကို ယုတ်ညံ့တဲ့ လုပ်ရပ်ဖြစ်ကြောင်းပြောချင်ပါတယ်"

သတင်းစာရှင်းလင်းပွဲအပြီးမှာ

"တင်လိုက်တော့ ယွီပင်း"

ရိပေါ်က ကျန်းလီရင်၏ နို့ထိန်းအမေပြောထားသည့် video fileကို social mediaပေါ် အကောင့်တုနှင့် တင်ခိုင်းလိုက်သည်။ မိနစ်ပိုင်းအတွင်းမှာတင် ကြည့်ရှုသူသန်းချီသွားသည့် ထိုvideo file ကြောင့် အုတ်အော်သောင်းနင်းဖြစ်သွားကြသည်။

"ရိပေါ် ဒီလိုလုပ်တာ တရားဝင်ပါ့မလားဟင်"

"မပူပါနဲ့ကိုကို ကျွန်တော့မှာ ပါးတစ်ယောက်လုံးရှိတယ်။ ပြီးတော့ ဒီမြေခွေးအိုကြီးကို နဲနဲဆွပေးလိုက်မှ သူ့ဘက်က လှုပ်ရှားလာမှာ"

"Captain ကျွန်တော်တို့ စလိုက်ရတော့မလား"

"အေး လုံခြုံရေးကို သေချာယူထား"

လွှတ်တော်အမတ်ကျန်း အိမ်တော်မှ အလုပ်သမားများ ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ လွှတ်တော်အမတ်ကျန်းရဲ့ လက်မရွံံ့တွေက အပန်းဖြေအိမ်မှ အလုပ်သမားတွေကိုပါ ဖမ်းခေါ်လာပြီး အကုန်လုံးကို ကြိုးနဲ့တုပ်ထားကြသည်။

"မင်းတို့ထဲက ဘယ်သူလဲ"

"ကျွန်တော်တို့မဟုတ်ပါဘူး"

"သေချင်လို့ မင်းတို့ပါးစပ်တွေပိတ်နေတာလား။ ပြောစမ်း နို့ထိန်းအမေဆိုတဲ့ မိန်းမကို ဘယ်သူလွှတ်ပေးလိုက်တာလဲ"

My Dear Enemy (season-2)Where stories live. Discover now