Unicode
ကျိရှန့်ခုံးပိုင် ကလပ်တစ်ခု
"ရှန့်ခုံးမင်း Sophia နဲ့တွဲနေတယ်ဆို"
"ဟုတ်တယ်တကော"
"ဘာလို့လဲ"
"အကြောင်းပြချက်လိုလို့လား တကော"
"မင်းအကြောင်းငါသိပြီးသားပါ။ မင်းရွှေ့နေတဲ့ အကွက်ကိုလဲ ငါသိတယ်။ သူ့အစ်ကိုသိရင် မင်းအသတ်ခံနေရမယ်"
"ကျွန်တော်က သူ့အစ်ကိုမသိအောင်ခိုးတွဲနေတာမှ မဟုတ်တာဗျ။ သိသွားလဲ ကျွန်တော်မကြောက်ပါဘူး။ Sophia ကကျွန်တော့်ဖက်က။ သူ့အစ်ကိုက သူ့ညီမကို မျက်နှာတစ်ချက်မညှိုးအောင်ထားတာဆိုတော့ ကျွန်တော့်ကို သူလက်လွတ်စပယ် မထိရဲပါဘူး။"
"ငါမင်းကိုတော့ စိတ်ချပြီးသားပါ...ဒါနဲ့ငါမင်းကို မေးစရာရှိတယ် ရှန့်ခုံး"
"ပြောပါ တကော"
"ကုဝေကို မှတ်မိတယ်မလား ဟိုနေ့ညက မင်းငါ့ဆီက တောင်းသွားတာလေ"
ရိပေါ် အကြည့်တွေက စူးရဲသွားသည်။
"မှတ်မိတယ် ဘာလို့လဲ တကော"
"သူ့ကို ငါလိုက်ရှာနေတာ အပုန်းကောင်းတဲ့ သူပဲ။ တစ်မြို့လုံးနှံ့နေပြီလိုက်ရှာနေတာ မတွေ့သေးဘူး။ အဲ့နေ့က မင်းသူ့အကြောင်းမေးကြည့်သေးလား"
"မမေးဖြစ်ဘူး"
"ဟုတ်လား"
တာ့ဟိုင်က ခပ်ပြုံးပြုံးနှင့် ဝိုင်ခွက်ကို ရိပေါ်ရှေ့တွန်းပို့လိုက်တော့ ရိပေါ်က ဝိုင်ပုလင်းကို ဖောက်ပြီး ထည့်ပေးလိုက်သည်။
"ဒါပေမဲ့ မင်းကိုကြည့်ရတာ သူ့ကိုသိနေသလိုပဲနော်"
လှုပ်ရှားနေတဲ့ ရိပေါ်က ခေတ္တတန့်သွားပြီး
"ကျွန်တော်သူ့ကို မသိပါဘူး"
"မသိဘူးဆိုတော့လဲ မသိဘူးပေါ့။"
"တကောက ဘာလို့သူ့ကို ရှာနေတာလဲ"
"လိုချင်လို့"
စားပွဲအောက်မှ ရိပေါ်လက်သီးကို ခပ်တင်းတင်းဆုပ်ထားလိုက်သည်။
"သူ့မှာ ပိုင်ရှင်ရှိနေရင်ရော"
"ဟိုတစ်နေ့က သူကို ယောကျ်ားတစ်ယောက်နဲ့တွေ့တယ်။ သူပြောတာတော့ သူ့ချစ်သူတဲ့။ မလိမ်တတ်ဘဲ လိမ်နေမှန်းသိသာတယ်။"
YOU ARE READING
My Dear Enemy (season-2)
FanfictionMy dear enemy season-1 ရဲ့ အဆက် season-2 မှာ ပိုro ကြမယ်။ ပို drama ချိုးမယ်။ ပိုရှုပ်ထွေးတဲ့မှုခင်းတွေပါလာမယ်။ *ပိုမှောင်လာမယ်*။