Part (10)

6.1K 637 23
                                    

Unicode

"ပေါ်ပေါ်ထတော့"

အိပ်ရာပေါ်မှာ စောင်ခြုံရင်း အပျင်းကြီးနေတဲ့ ရိပေါ်ကို Angela က တက်ခွပြီးနှိုးနေသည်။

"ပေါ်ပေါ် ထထ....ပါးပါးရေ ပေါ်ပေါ့်ကိုနှိုးလို့မရဘူး"

"မွှေးမွှေးပေးလိုက် အဲ့တာဆို ထလိမ့်မယ်"

"အူးမွ....ပေါ်ပေါ်....ပေါ်ပေါ်"

စိတ်မရှည်တော့သည့် Angela ကရိပေါ်ပါးကိုတဖြန်းဖြန်းရိုက်ရင်း နိုးတော့သည်။

"ပါးပါးပဲ မွှေးမွှေးပေးလိုက်...မီးမီးပေးတာမရဘူး"

"ကလေး ထတော့ကွာ....မွ"

ရှောင်းကျန့်က လာမွမှ ထသည့်ကလေးဆိုးကြီးပါ။

"ဒီနေ့ပိတ်ရက်မဟုတ်ဘူးလား ကိုကို"

"ခုနက ယွီပင်းဖုန်းဆက်တယ်။ ဟိုလင်မယားနေတဲ့ ရပ်ကွက်ကို ခြေရာခံမိပြီတဲ့"

"ဟုတ်လား...အဲ့တာဆို မြန်မြန်သွားရမယ်"

"မင်းသွားရင်သွားနှင့်လိုက် ကိုကိုဇီယီလာအောင်စောင့်ဦးမယ် angela လေးကိုပြန်ပို့ရမှာ"

"အင်း....."
________________________
"ကျွန်တော်တို့ သတင်းရတာ​တော့ ဒီနားတစ်ဝိုက်ပဲ Captain"

"အေး ရှာဖွေရေးစတော့ သူများတွေသတိမထားမိစေနဲ့ ထွက်ပြေးသွားလိမ့်မယ်"

"ကျွန်တော်တို့ လူတွေလမ်းတိုင်းမှာ ပုန်းပြီးစောင့်နေပါတယ် Captain"

"ကောင်းတယ်"

ရိပေါ်နှင့် ယွီပင်းတို့ ခြံစည်းရိုးအပြည့်ခတ်ထားပြီး အထဲကို လှမ်းမမြင်ရသည့် အိမ်တစ်အိမ်ရှေ့ရောက်တော့ သေချာစစ်ဆေးနေကြသည်။

"ဝင်ကြည့်ရအောင်"

"ဟုတ်ကဲ့ Captain"

လူခေါ်ဘဲတီးလိုက်တော့ အိမ်ထဲက အမျိုးသမီးတစ်ဦးထွက်လာသည်။

"ဘာကိစ္စများလဲရှင်"

"ကျွန်တော်တို့က ရဲတွေပါစုံစမ်းစရာလေးရှိလို့"

"ဟုတ်ကဲ့ပါ"

"အထဲဝင်လို့ရမလား"

အမျိုးသမီးက ခေတ္တတုံ့ဆိုင်းသွားပြီးနောက်

My Dear Enemy (season-2)Where stories live. Discover now