Part (31)

4.9K 540 9
                                    

Unicode

"Captain ကျန်းလီရင်အမှုက ဟာကွက်တွေအများကြီးရှိနေပါတယ်။ တရားခံနဲ့ပတ်သက်တဲ့သဲလွန်စလဲ မတွေ့ရပါဘူး။"

"မင်းရော ကျန်းလီရင်ကို လင်းဥက္ကဌက သတ်တယ်လို့ထင်လား"

"ဗျာ...ကျွန်တော်မပြောတတ်"

"အစက လင်းဥက္ကဌလက်ချက်လို့ငါထင်ထားခဲ့တာ။ အခုငါ့ထင်မြင်ချက်ပြောင်းသွားပြီ"

"Captain ကဘယ်သူလို့ထင်တာလဲဗျ"

"ဒါကအထင်နဲ့တော့ဆုံးဖြတ်လို့မရဘူး။ ယွီပင်း ငါလွှတ်တော်အမတ်ကျန်းနဲ့ သူ့သားရဲ့ ဆက်ဆံရေးကို သိချင်တယ်။ ပြီးတော့ ကျန်းလီရင်ရဲ့ လုပ်ငန်းကိုရော။ မင်းမအားရင်လဲ ကလေးတွေကို တာဝန်ပေးလိုက်"

"ဟုတ်ကဲ့ပါ Captain"

ရိပေါ်က လင်းဥက္ကဌရဲ့ စကားကို ပြန်စဥ်းစားနေမိသည်။ ကျန်းလီရင်ကို သတ်လို့ လင်းဥက္ကဌကဘာအကျိုးများရမှာလဲ။ ဒီလိုအကျပ်အတည်းထဲရောက်နေချိန်မှာ လွှတ်တော်အမတ်ကျန်းကို ပညာပေးချင်ရုံသတ်သတ်နဲ့တော့ သူ့သားကို သတ်မှာမဟုတ်။ သူ့အတွက် လူသတ်မှုတစ်ခုထပ်တိုးရုံသာရှိသည်။ Ryan ကလဲထောင်ထဲရောက်နေတော့ ဘာမှမလုပ်နိုင်။ Vigilantes အဖွဲ့ဆိုတာလဲ လိုင်းပေါ်မှာသာရှိပြီး ဦးဆောင်သူမရှိလျှင် အပြင်မှာ လှုပ်ရှားမဲ့အဖွဲ့မဟုတ်။ ဒါဆို ကျန်းလီရင်ကို ဘယ်သူကများသတ်လိုက်တာလဲ။

"Captain"

"အေးကျင်းရီ"

"ရဲမှူးချုပ်ရောက်နေပါတယ်"

"အေးလာခဲ့မယ်"

ရိပေါ်က ဟွမ်လင်းချောင်အမှုကို ပြန်စစ်ဆေးဖို့ ပါးကိုခွင့်တောင်းထားသည့် ကိစ္စအတွက်ပါးကိုယ်တိုင်လိုက်လာတာဖြစ်လောက်မည်။

"ပါး ခွင့်ပြုတယ်မလား"

"နေပါဦး ရိပေါ် မင်းအခုတလော ဘာတွေလုပ်နေတာလဲ။ အမှုသုံးခုလောက် တစ်ပြိုင်တည်းလိုက်နေရအောင် မင်းကိုမင်း စွမ်းအားရှင်များမှတ်နေလား"

"အမှုသုံးခုလုံးက ဆက်နေတာကိုဗျ။ ဟွမ်လင်းချောင်အမှုကိုပြန်စစ်ဆေးဖို့အရင် ပြီးအောင်လုပ်ပါရစေဦးပါး မြန်မြန်ခွင့်ပြုပေးပါ"

My Dear Enemy (season-2)Where stories live. Discover now