Part (61)

5.2K 493 55
                                    

Unicode

"ဝုန်း....ဒုန်း"

အိမ်ပြန်ရောက်တာနဲ့ တံခါးဝမှာတင် အထုပ်တွေပစ်ချပြီး ဖိနပ်တွေကမန်းကတန်းချွတ်ကာ နှစ်ယောက်သား သည်းကြီးမည်းကြီးနမ်းနေကြသည်။

"အု....ဟွန်း......"

ရှောင်းကျန့်ကနံရံနှင့်ကပ်သွားလိုက်၊ ရိပေါ်က ကပ်သွားလိုက်နှင့် နှုတ်ခမ်းနှစ်လွှာကတော့ အချိတ်အဆက်မပြတ်။

"အွန်း......ဟွန်း....."

ရိပေါ်က ရှောင်းကျန့်ရဲ့ ခါးသွယ်သွယ်ကနေ ပင့်မလိုက်တော့ ရှောင်းကျန့်ရဲ့ လက်တွေက ရိပေါ်လည်ပင်းကို သိုင်းဖက်လာပြီး ခြေထောက်တွေက ရိပေါ်ခါးမှာ ချိတ်တွယ်ထားလိုက်သည်။

"ဟင်း........."

"ဟိုနှစ်ကောင် အိမ်ထဲအရင်ဝင်ပါဦးဟယ် တကထဲ"

"အယ်....မားပါး....."

ရှောင်းကျန့်က ရိပေါ်ကိုယ်ပေါ်ကနေ ခုန်ဆင်းလိုက်ပြီး ရှက်ရယ်ရယ်နေလိုက်သည်။ ရိပေါ်ကလဲ မျက်နှာကြီးရဲပြီး ရှက်နေသည်။

"မင်းပါးနဲ့ ငါနဲ့ မင်းတို့ဝင်လာထဲက တွေ့သားပဲ။ အထုပ်တွေဝုန်းခနဲ ပစ်ချလိုက်တော့ ရန်များဖြစ်လာကြလားလို့ ဘယ်ဟုတ်မလဲ ဒင်းတို့ကဟွန်း.....မပြောချင်ဘူးနော် နင်တို့အဲ့လောက်ကဲနေရင် ငါ့မြေးလေးကို ဘယ်လိုထားခဲ့ရမလဲ"

"သား....သားလေးရောမား....အားယွမ်လေး ဝါဂွမ်းလေးရေ"

"ရှိပါ့တော် အားယွမ်လာဦး ဒီမှာ ဘယ်သူတွေပြန်လာလဲ လာကြည့်"

ဝါဂွမ်းလေးက သူ့အဘွားနားကို တောက်တောက် တောက်တောက်နှင့် လျှောက်လာပြီး သူ့အဖေနှစ်ယောက်ကို မော့ကြည့်လာသည်။

"ပါပါး.....ဒီဒီ"

အသက်နှစ်နှစ်ပြည့်တော့မည့် ဝါဂွမ်းလေးက လမ်းကောင်းကောင်းလျှောက်နိုင်နေပေမဲ့ စကားသိပ်မပြောတတ်သေး။ အခေါ်အဝေါ်လေးတွေတော့ သူရသည်။

"သားက စကားတောင်ပြောတတ်နေပြီလား ချစ်ဖို့ကောင်းလိုက်တာ ပါပါးအရမ်းလွမ်းနေတာ ဝါဂွမ်းလေးရဲ့"

ရှောင်းကျန့်က ဗိုက်လေးပူနေသည့် ဝါဂွမ်းလေးကို ကောက်ချီကာ ပါးဖောင်းဖောင်းလေးကို တဝကြီးနမ်းနေလိုက်သည်။

My Dear Enemy (season-2)Where stories live. Discover now