Part (29)

6.1K 546 27
                                    

Unicode

"ကျန်းလီရင် အသတ်ခံလိုက်ရပြီကိုကို"

"ဟင်ဘယ်လိုလုပ်ပြီးတော့"

"Ryan ကသူအဖမ်းမခံရခင် လင်းဥက္ကဌနဲ့ လွှတ်တော်အမတ်ကျန်းရဲ့ မကောင်းမှုတွေကို ဖော်ခဲ့တယ်။ အခုချိန်ကရွေးကောက်ပွဲနီးနေတော့ လွှတ်တော်အမတ်ကျန်းက လင်းဥက္ကဌကို လွှဲချပြီး ကိုယ်လွတ်ရုန်းသွားတယ်။ အစထဲက ကျွန်တော်တို့နဲ့ပူးပေါင်းလို့ လွှတ်တော်အမတ်ကျန်းကို လင်းဥက္ကဌက မကြည်တော့တာ အခုကိစ္စတွေအကုန်သူ့အပေါ်လွှဲချတော့ ဒေါသူပုန်ထပြီလေ"

"အဲ့တာဆို ကျန်းလီရင်ကို လင်းဥက္ကဌကသတ်ခိုင်းလိုက်တာပေါ့"

"အင်းဖြစ်နိုင်တယ်။ လင်းဥက္ကဌက သူတစ်ယောက်ထဲတော့ အသေခံမှာမဟုတ်ဘူး လွှတ်တော်အမတ်ကျန်းကိုပါ ဆွဲချဖို့ကြံစည်ထားတာ။ ဒါပေမဲ့ အစကကျွန်တော်ထင်တာ လွှတ်တော်အမတ်ကျန်းက လင်းဥက္ကဌရဲ့ ရုပ်သေးရုပ်ပေါ့။ မထင်ထားမိဘူး အဲ့တာရဲ့ ဆန့်ကျင်ဘက်ဖြစ်နေမယ်လို့။ကျွန်တော်တို့တွေးထားတာထက် လွှတ်တော်အမတ်ကျန်းက ကောက်ကျစ်တယ်။ သွေးအေးတယ်။ ဒီလိုလူမျိုးကို ရွေးကောက်ပွဲဝင်ခိုင်းလို့မဖြစ်ဘူး။"

"အဲ့တာဆို Ryan ရဲ့လက်စားချေတာအောင်မြင်သွားတာလား။ သူ့ရန်သူရှစ်ယောက်လုံး​သေသွားပြီလေ။"

"သူ့ target က လင်းဥက္ကဌနဲ့ လွှတ်တော်အမတ်ကျန်းပါပါလောက်တယ်။ အရမ်းဉာဏ်ကောင်းတဲ့ကောင် ဒီလိုလူမျိုးက လူသတ်သမားဖြစ်နေတာ နှမြောစရာပဲ။"

"မင်းကိုကြည့်ရတာ Ryanကိုတော်တော်သဘောကျနေပုံပဲ။ အမြဲတမ်းချီးကျူးနေတာ။ သူ့ကို ရုံးတင်စစ်ဆေးတဲ့နေ့ကလဲ စကားသွားပြောတယ်ဆို"

"အဲ့တာ သူ့အဖေအမှုကို ပြန်စစ်ဆေးဖို့ ကူညီပေးမယ်လို့ပြောတာ။ ကျွန်တော်သာသူ့နေရာမှာဆိုရင်လဲ ကိုယ့်အဖေကို သတ်တဲ့သူတွေကို လက်စားချေချင်မှာပဲ။ဒါပေမဲ့ လူခုနစ်ယောက်တောင် သတ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားကိုတော့ သဘောမကျပါဘူးဗျာ"

"သူလက်ခံလားဟင်"

"အင်းသူနဲ့ ထပ်ပြောရဦးမယ်။"

My Dear Enemy (season-2)Where stories live. Discover now