Part (14)

5.6K 556 20
                                    

Unicode

"ရပြီ ဒီလိုဆို နင်မှန်းဘယ်သူမှ မသိတော့ဘူး"

"တမျိုးကြီးပဲဟာ...ငါမနေတတ်ဘူး...ဇီယီငါတို့တကယ်ပဲဒီလိုလုပ်ဖို့ လိုအပ်လို့လား"

"နင်သိချင်လားမသိချင်ဘူးလားပြော"

"သိချင်ပေမဲ့"

"ရပြီ ဘာမှအတွန့်မတက်နဲ့တော့ ဟဲ့ ကျန့်ကျန့် နင်သိလား နင်အရမ်းလှတာပဲဟယ် အစကတည်းက မိန်းကလေးအဖြစ်မွေးလာရမှာ"

ဇီယီက ရှောင်းကျန့်ကို လိုက်ချောင်းရင် ရိပေါ်မမှတ်မိအောင်လို့ မိန်းကလေးပုံစံပြောင်းပေးထားခြင်းပါ။ နဂိုထဲက မိန်းကလေးရှုံးအောင်လှသူမို့ တကူးတကမပြင်ပေးလိုက်ရ။ ခြောက်ပေကျော်နေသည့် အရပ်ကတော့ အနဲငယ်ပြောစရာဖြစ်နေသည်။

"အဆင်သင့်ဖြစ်ပြီလား ညီမလေး"

"အေး...ငါ့ကိုဘယ်လိုခေါ်နေတာလဲ ဇီယီမ"

"ဟီးဟီး...နင်ကချစ်ဖို့ကောင်းလိုက်တာ ကျန့်ကျန့်"

နှစ်ယောက်သား မျက်မှန်အမဲကြီးတွေတပ်ပြီး ရိပေါ်ကို နောက်ကလိုက်ချောင်း​ေနကြသည်။ ရိပေါ်အိမ်ကထွက်မသွားခင် ရှောင်းကျန့်နှင့် ဇီယီက အိမ်အနားမှာရစ်သီရစ်သီလုပ်နေကြပြီး ရိပေါ်ထွက်လာမှ နောက်ကလိုက်လာကြခြင်းဖြစ်သည်။

"ဟဲ့ ကျန့်ကျန့် ကျန့်ကျန့် ဟိုမှာ ထွက်လာကြပြီ"

ရိပေါ်နှင့် ယဲ့လီတို့ ဟိုတယ်မှထွက်လာကြသည်။ ရိပေါ်က ကားပေါ်တက်ခါနီး ယဲ့လီက နောက်ကျောကနေ ဖက်ထားလိုက်သည်။ နောက်ရိပေါ်က တစ်ခုခုပြောလိုက်တော့ သူဖယ်သွားပြီး ငိုနေပုံရသည်။ နောက်တစ်ခေါက်ရိပေါ်ရင်ခွင်ထဲမှီနွဲ့လာပြန်တာကြောင့် ဇီယီက တတွတ်တွတ်ကျိန်ဆဲတော့သည်။ ရှောင်းကျန့် ခမျာ ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့။

"ငါပြန်တော့မယ်....ဇီယီ...ငါ....ငါ....ဟင့်"

"ငါနင့်ကိုခေါ်လာမိတာငါ့အမှားပါ ရှောင်းကျန့်ရယ်"

မျက်ရည်တွေနဲ့ ရှောင်းကျန့်က ဇီယီကိုတောင်မစောင့်နိုင်ဘဲ ပြေးထွက်သွားသည်။ သူ့ရင်ထဲမှာတော့ မယုံကြည်နိုင်ခြင်းတွေ သိမ်ငယ်ခြင်းတွေပြည့်လို့....။
_________________________
"ကျန့်ကျန့် မသောက်ပါနဲ့​တော့ဟယ် နင်သောက်တာတော်တော်များနေပြီ အိမ်ပြန်ရအောင်နော် ပြီးတော့နင်အဝတ်အစားလဲလဲရဦးမယ်လေ"

My Dear Enemy (season-2)Where stories live. Discover now