Part (50)

4.4K 466 47
                                    

Unicode

Eagle ဂိုဏ်းအပိုင် ကလပ်တစ်ခုတွင် ဖြစ်သည်။ DJ သီချင်းသံမြူးကြွကြွနှင့်အတူ ရောင်စုံမီးရောင်အောက်မှာ ကခုန်နေကြရင်း အချို့ကလဲ လောကစည်းစိမ်ကို ခံစားနေကြသည်။ ခဏနေတော့ သီချင်းသံရပ်သွားပြီး stage ပေါ်သို့ Hoodie ခေါင်းစွပ်နှင့် မျက်နှာဖုံးတပ်ဆင်ထားသည့် လူတစ်ယောက်တက်လာကာ stage အလယ်တွင်နေရာယူလိုက်ပြီး Dj သမားကို အချက်ပြလိုက်သည်။ စတင်လာသည့် သီချင်းသံနှင့်အတူ လှုပ်ရှားလာသည့် ခန္ဓာကိုယ်က စည်းချက်ကျပြီး ဆွဲဆောင်မှုရှိနေသည်။ အချိုးအဆစ်များလှုပ်ရှားရင်း ကခုန်နေပုံက အသက်ရှူမှားလောက်စရာ။ breaking ကရင်း တစ်ချက်တစ်ချက် လစ်ဟာသွားသည့် ဝမ်းဗိုက်မှ six pack တို့ကလဲ စင်အောက်မှ မဒီတွေကို ပြုစားနေသည်။စင်အောက်မှ အားပေးသံများကလဲမဆဲ။ မျက်နှာမမြင်ရတာတောင် ဒီလူသားက ပြီးပြည့်စုံလွန်းသည်။ သီချင်းသံပြီးဆုံးတော့ ထိုလူက ပရိသတ်ဘက်ကို ကျောပေးကာ ခေါင်းစွပ်ကော မျက်နှာဖုံးပါ ချွတ်ချလိုက်သည်။ အရှေ့ဘက်ကို ပြန်လှည့်လိုက်သောအခါ မိန်းကလေးများ၏ အော်သံက ကျယ်ကျယ်လောင်လောင်ထွက်လာတော့သည်။

"ကျိရှန့်ခုံး.....ကျိရှန့်ခုံး"

ကျိရှန့်ခုံးရဲ့ လက်ထဲတွင် မျက်စိတစ်မှိတ်အတွင်း နှင်းဆီအနီတစ်ပွင့်ပေါ်လာကာ ထိုနှင်းဆီပွင့်ကို ကိုင်ပြီး stageအောက်ကို ခုန်ဆင်းလိုက်သည်။

ထောင့်တစ်နေရာမှာ bodyguard များခြံရံကာ ထိုင်နေသည့် မိန်းကလေးတစ်ယောက်နားကို လျှောက်သွားတော့ သူမရဲ့ bodyguard တွေကသူ့ရှေ့မှာ ပိတ်ရပ်ပြီးတားလိုက်ကြသည်။

"ကိုယ်ပေးတဲ့ နှင်းဆီပန်းကို လက်ခံပေးပါ Sophia"

Sexy ကျလွန်းသည့် အနီရောင် ဂါဝန်တိုလေးနှင့် အပြာရောင်မျက်လုံးပိုင်ရှင် သူမက ခြေချိတ်ထိုင်လိုက်ရင်း မထီတရီ ပြုံးလိုက်ကာ

"ရှင်...ကျွန်မကိုသိတယ်ဆိုတော့ ကျွန်မအစ်ကိုအကြောင်းလဲ သိမှာပေါ့"

"မင်းအစ်ကိုအကြောင်းကို ဂရုမစိုက်ဘူး။ ကိုယ်က မင်းအကြောင်းပဲ သိချင်တာ"

"ရှင် သူ့ကို သေချာမသိသေးဘူးပဲ"

"မင်းလဲ ကိုယ့်ကိုသေချာမသိသေးဘူး"

My Dear Enemy (season-2)Where stories live. Discover now