အပိုင်း - ၁

875 35 0
                                    

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခု

Win ဟာအထက်တန်းကျောင်းတက်ဖို့ချင်းမိုင်ကိုပြောင်းလာပါတယ်၊win ကျောင်းတက်ဖို့ပဲအဟုတ်ပါဘူး၊winအဖေအလုပ်နဲ့ပြောင်းလာရတာပါ၊win အဖေကသစ်တောဦးစီးဌာနကအရာရှိလေ၊win မှညီလေးတစ်ယောက်ရှိတယ်၊သူကနယ်ကအဘွားနဲ့နေခဲ့တယ်

Win ရဲ့ပထမဆုံးကျောင်းတက်တဲ့နေ့

Win ရဲ့အိမ်ကကျောင်းနဲ့သိပ်မဝေးတော့စက်ဘီးစီးပြီးကျောင်းကိုလာပါတယ်၊ဆရာက win ကိုအတန်းထဲခေါ်ပြီးကျောင်းသား၊ကျောင်းသူတွေနဲ့မိတ်ဆက်ပေးတယ်၊နောက် win ကိုဆရာကနေရာပေးတယ်၊winကဆရာထိုင်ခိုင်းတဲ့နေရာမှာထိုင်ပြီးသူဘေးမှာတစ်ခုံလွတ်နေတာသတိထားမိလိုက်တယ်၊ဆရာကနာမည်စာရင်းခေါ်တော့တစ်ယောက်ကကျောင်းမလာဘူး၊(အဲ့တစ်ယောက်ကဘယ်သူလည်း)ဆရာစာသင်ပြီးထွက်သွားတော့ကျောင်းသားတွေက win ကိုလာပြီးမိတ်ဆက်​​ကြတယ်

ကျောင်းသား - မင်းကကျောင်းသားသစ်လား၊ဘာလို့ဒီကျောင်းကိုပြောင်းလာတာလည်း၊မင်းတက်နေတဲ့ကျောင်းမှာပြသာနာဖြစ်လို့လား

ဘာလို့ဆို win အခုပြောင်းလာတာနှစ်ဝက်ရှိပြီလေ၊အမှန်တော့သူတို့ပြောတာမှန်တယ်၊win ဟိုဘက်ကျောင်းမှာပြသာနာဖြစ်ပြီးဒီကျောင်းကိုပြောင်းလာတာ၊(အဲ့တာဘာလည်းလို့မမေးပါနဲ့နောက်ကျရင်ကျွန်တော်ပြောပြပါမယ်)

Win - မဟုတ်ပါဘူး၊ငါအဖေအလုပ်နဲ့ပြောင်းလာလို့ပါ၊ဒါနဲ့ငါဘေးနားကလူကဒီနေ့မလာဘူးလား

ကျောင်းသား - အေးလေ

Win - ဘာလို့လည်းနေမကောင်းလို့လား

ကျောင်းသား - ငါတို့လည်းမသိဘူး၊သူအကြောင်းမမေးနဲ့စိတ်ညစ်စရာကောင်းတယ်

Win - မဟုတ်ဘူးလေကွာ၊ငါကသူဘေးမှာထိုင်တာလေ

ကျောင်းသား - အေးနောက်ကျရင်မင်းသူအကြောင်းသိလာမှာပါ

Win - သူကဆိုးလို့လား၊ပေါင်းသင်းရတာမကောင်းဘူးလား

ကျောင်းသား - ထားလိုက်တော့ငါတို့သူအကြောင်းမပြောချင်ဘူး၊ညနေကျရင်မင်းအားလား၊ငါတို့ဘောလုံးကန်မလို့ ပါမလားလို့လာမေးတာ

Win - အေးပါမယ်လေ

ကျောင်းသား - ညနေကျမှဆုံမယ်

ကဲ့ win ဘေးနားကလူအကြောင်းပြောပြပါမယ်၊သူကဒီကျောင်းရဲ့စော်ကြည်ဘဲ၊ကျောင်းရဲ့ king (တစ်ကျောင်းလုံးရဲ့ king နော်)သူကနည်းနည်းချေတယ်၊ဘယ်သူနဲ့မှစကားမပြောဘူး၊တစ်ယောက်ထဲနေရတာကြိုက်တယ်၊စာလည်းတော်တယ်အမြဲတမ်း 1,2,5 ပဲရတာ၊ပြီးတော့ဘောလုံးအသင်းရဲ့တိုက်စစ်မှူးလက်ရွေးစင်လည်းဖြစ်တယ်၊ဝါသနာပါတာကဂီတာတီးတာပဲ၊ဂီတာလည်းတီးတက်သလိုသီချင်းဆိုလည်း ကောင်းတယ်၊သူနာမည်က bright ကုန်ကုန်ပြောရရင် bright ကတစ်ကျောင်းလုံးရဲ့စံပြကျောင်း သားပဲ

ဒီတော့ bright ကိုမိန်းကလေးကျောင်းသူတွေရော၊မိန်းကလေးမဟုတ်တဲ့သူတွေရောသူကိုဆိုသဲသဲလှုပ်ကြိုက်ကြတာ၊တစ်ဖက်မှာတော့သူကိုကျောင်းသားတော်တော်များများကအမြင်မကြည်ဘူး၊မုန်းတယ်၊မနာလိုကြတာပေါ့၊ကျောင်းသားတစ်ချို့ကောင်းမလေးတွေက brightဆိုအသေကြိုက်ကြတာ၊bright မှာအမေရယ်ညီမလေးရယ်ရှိတယ်၊အမေကဘန်ကောက်မှာဆရာမအလုပ် လုပ်တယ်၊ညီမလေးကအမေနဲ့နေတယ်၊ bright ကဒီမှာအဘွားနဲ့နေခဲ့တယ်

(bright အကြောင်းတော်တော်ဆုံပြီဆိုတော့ကျွန်တော်တို့ဇာတ်လမ်းဆက်ကြရအောင်)

Win ညနေကျသူအတန်းထဲကလူတွေနဲ့ဘောလုံးကန်၊သူတို့နိုင်သွားတယ် (3၊2)ကျောင်းသားတွေက win ကိုနောက်နေ့ဘောလုံးထပ်ကန်ရအောင်ခေါ်​နေ​ကြတယ်

Win - အေး၊နောက်နေ့ထပ်ကန်ကြတာပေါ့

စက်ဘီးစီးအိမ်ပြန်၊အိမ်ရောက်တော့ညရောက်နေပြီ၊အဖေကညစာစားဖို့စောင့်နေ

အဖေ - သားရေချိုးထမင်စားမယ်

Win - ဟုတ်အဖေ

Win ရေချိုးပြီးထမင်းစားပွဲမှထိုင်ပြီးထမင်းစားဖို့ပြင်

အဖေ- သားကျောင်းတက်ရတာအဆင်ပြေလား၊သူငယ်ချင်းရောရပြီလား

Win - ဟုတ်ကျောင်းတက်ရတာအဆင်ပြေပါတယ်၊သူငယ်ချင်းတော့ရှာတုန်းပဲအဖေ

အဖေ- သူငယ်ချင်းတွေအများကြီးမထားနဲ့၊စာကိုပဲအာရုံစိုက်၊အတန်းထဲကတော်တဲ့လူနဲ့ပဲပေါင်းကြားလားသား

Win- ဟုတ်အဖေ

Win တစ်ယောက်ထမင်းစားပြီးအိမ်စာလုပ်၊စာလုပ်ပြီးဖုန်းခဏသုံးပြီးတော့အိပ်ရာထဲဝင်ပြီးအိပ်ပါပြီ

#မူရင်းရေးသားသူ-khin gyi
#စာရေးဆရာ-အလတ်ကောင်.

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now