(ဒီတစ်ခါတော့ ဗီလိန်တစ်ယောက်ရဲ့ ကိုယ်ချစ်တဲ့သူဆီကအချစ်ကိုရဖို့ နည်းလမ်းမှားတွေနဲ့ ယုတ်မာပြီးအောက်တန်းကျတဲ့ လုပ်ရပ်တွေလုပ်တော့မှာပါ၊win မရှိရင် bright အချစ်ကို သူရပြီလို့ထင်နေတဲ့ kane ကိုတကယ်သနားမိတယ်ကွယ်)
Kane ခိုင်းတဲ့လူတွေက kane နဲ့ဖုန်းပြောပြီး win ထွက်အလာကို စောင့်နေကြတယ်၊win ကသောက်ပြီးအိမ်ပြန်မလို့ အဌားကားတားနေတုန်း bright စိတ်ပူမှာဆိုးလို ဖုန်းဆက်ဖို့ ဘောင်းဘီအိတ်ထဲကဖုန်းထုတ်နေရင်း kane လူတွေက win ကိုဝင်တိုက်လိုက်တော့ win တစ်ယောက်လဲကျသွားတယ်
နောက်အဲ့လူထဲတစ်ယောက်က win ကိုထူပေးမလိုနဲ့လက်ကနေကိုင်ပြီး အမှောင်ထဲကို ဒရွတ်တိုက်ကြီးဆွဲခေါ်သွား၊win လည်းသောက်ထားတာဆိုတော့ မူးပြီးမရှုန်းနိုင်ဘူးဖြစ်နေ၊နောက်အဲ့လူတွေက ဘာမပြောညာမပြောနဲ့ win ကိုစထိုးတော့တာပဲ၊win လည်းသည်းမခံနိုင်တော့တဲ့ အဆုံးအဲ့လူတွေကို စကားပြန်ပြောဖို့ကြိုးစားနေ
"ခင်ဗျားတို့ ဘာလို့ကျွန်တော်ကို ထိုးနေရတာလည်း"
"မင်းကငါကို ဝင်တိုက်တာလေ"
"အဲ့တာဆိုလည်း ကျွန်တော်တောင်းပန်ပါတယ်၊ကျွန်တော်အခုအရေးကြီး သွားစရာရှိလို့ ကျွန်တော်ကိုလွတ်ပေးကြပါ ဗျာ..."
"မင်းလုပ်တုန်းကလုပ်ပြီး အခုမှာတောင်းပန်လို့ ရမလား"
Win ကသူကိုအုပ်စုလိုက် ဝိုင်းအနိုင့်ကျင့်တာသိပင်မဲ့ bright ကသူကိုမျှော်နေမှာကို တွေးပြီးစိတ်လျော့လိုက်တယ်
"တောင်းပန်ပါတယ်အကိုတို့ရာ၊ကျွန်တော်အတွက် မနက်ဖြန်က သေရေးရှင်ရေး အရေးကြီးလို့ပါ"
"မရဘူး၊ငါတို့မင်းကို ခွင့်မလွှတ်ပေးနိုင်ဘူး"
"ဘာလို့လဲဗျာ....အကိုတို့နဲ့ ကျွန်တော် ဘာရန်ငြိုးမှလည်းမရှိပါဘူး"
Win လည်းဒေါသတအား ထွက်လာပြီးသူကို စကားပြောတဲ့လူရဲ့ မျက်နှာကိုမြင်ချင်တာနဲ့ ဖုန်းမီးဖွင့်ပြီးကြည့်မလို့ လုပ်တော့ဘေးနားကတစ်ယောက်ကသူလက်ထဲကတုတ်နဲ့ win ခေါင်းကိုနှစ်ချက်လောက်ဆင့် ရိုက်လိုက်တာ win တစ်ယောက်ခေါင်းထဲက သွေးတွေထွက်လာပြီး မေ့သွားတယ်၊ဟိုကောင်တွေလည်း win သေပြီထင်ပြီး ပြာယာခတ်သွားကြ
