မနက်ရောက်တော့......
Win တို့မနက်အစောကြီး အိပ်ကောင်းနေတုန်း fong ဆီကဖုန်းလာ
"ဟဲလို..."
"Win မင်းတို့မထသေးဘူးလား"
Win ကဖုန်းကနာရီကိုပြန်ကြည့်ရင်း
"မနက် 7:30 ပဲရှိသေးတယ်လေ"
"မင်းတို့မဂ်လာပွဲအတွက် မပြင်ဆင်သေးဘူးလား"
"ပြင်တော့ပြင်မှာပေါ့ကွာ၊အခု ငါကအိပ်ကောင်းတုန်းပဲ ရှိသေးတယ်"
"ဟေ့ယောင်...bright ကဟိုကိုသွားဖို့ တစ်ပတ်ပဲလိုတော့တာနော်၊မင်းအဲ့ဒါကို ခေါင်းထဲထည့်ထားအုန်း"
"တစ်ပတ်ဟုတ်လား၊ဟုတ်လို့လားကွာ"
"ဟုတ်တယ်၊မနေ့ကငါနဲ့ စျေးလိုက်ဝယ်ရင်း ပြောပြတာ"
"တစ်ပတ်ဆိုအချိန်လောက်ပမလား"
"လောက်ပါတယ်ကွာ၊ငါတို့လည်းကူညီပေးမှာပေါ့"
"အင်း"
"ပြန်မအိပ်နဲ့တော့နော်၊အခုထ...ရေမိုးချိုးပြီးငါတို့ဆီလာခဲ့"
"အေးပါကွာ၊အခုပဲထပါပြီ"
Win ကအိပ်နေတဲ့ bright ကိုမနိုးရက်တာနဲ့ ပွေ့ချီပြီး အခန်းဆီပြန်လာ၊win က bright ပင်ပန်းနေတယ် ထင်ပြီးကုတင်ပေါ် ဖြေးဖြေးလေးတင်ပြီးသိပ်ခဲ့၊win ရေချိုးပြီးထွက်လာတော့ bright ကနိုးနေပြီ
"အချစ်အစောကြီး နိုးလို့ပါလား"
"အင်း...မိန်းရေသွားချိုးကို မိန်းသွားတိုက်တံမှာ
သွားတိုက်ဆေး ညစ်ထားပေးတယ်""အရမ်းအလိုက်သိတာပဲ၊မိန်းသွားချိုး လိုက်အုန်းမယ်"
Bright က win ကို morning kiss လေးပေးပြီးရေချိုးခန်းထဲဝင်သွား၊win က bright ရေချိုးနေတုန်း မနက်စာပြင်ထားတယ်၊bright ရေချိုးခန်းကထွက်လာတော့ win ကသဘက်လေးကိုင်ပြီး တံခါးရှေ့မှာရပ်စောင့်နေ
"မိန်း ခေါင်းလျှော်လာတာပဲ၊အတော်ပဲကို့ သုတ်ပေးမယ်နော်....ဒီမှာထိုင်"
"အင်း..."
Bright က win ဂရုစိုက်ပေးနေတာလေး ကိုကြည့်ပြီးအသဲတွေယားနေ
