အပိုင်း - ၁၅

145 11 2
                                    

Bright ကျောင်းတက်ပြီးပြန်လာသူအိမ်ရှေ့တံခါးသော့ခတ်ထားတာတွေ့၊သော့ဘယ်မှာထားခဲ့မှန်းမသိ၊bright က win ကိုဖုန်းဆက်မေး

"ဟဲလို..ငါအိမ်သော့ဘယ်မှာထားခဲ့တာလည်း"

"မင်းအိမ်ရှေ့အပင်အိုးအောက်မှာထားခဲ့တယ်"

"အေးနေအုန်းငါရှာလိုက်အုန်းမယ်၊မတွေ့ဘူးဘယ်အပင်လည်း"

"နှင်းဆီပင်အောက်မှာလေ"

"အေးတွေ့ပြီ၊ဒါပဲ"

"အေးနေအုန်းငါလာခဲ့မယ်"

"ဘာလို့လည်းမလာနဲ့"

"စာလာလုပ်မယ်လေ"

"မလာနဲ့ငါနားတော့မှာ"

"အေးပါဒါဆိုဒါပဲနော်နားတော့"

"အေး"

(ကလေးကို bright ရှောင်နေပြီ😔)

မနက်ကျောင်းမှာ winbright တို့တွေ၊ဆရာမကအရင်လကဖြေထားတဲ့အမှတ်စာရင်းတွေပေး၊အဲ့မှာ bright ကအောင်ပြီး win ကကျတယ်၊ဆရာမက

"မအောင်တဲ့လူတွေစာမေးပွဲကြီးအတွက်အချိန်ပိုညကျောင်းတက်ရမယ်၊ကျတဲ့လူတွေလက်မှတ်လာထိုး"

win ကညကျောင်းမတက်ချင်ဘူး၊ဆရာမက win ကိုလက်မှတ်မထိုးလို့ပြော

"win စားမေးပွဲကျတယ်မလား"

"ဟုတ်ဆရာမ"

"အဲ့တာဆိုလက်မှတ်လာထိုးလေ"

"ကျွန်တော်မတက်ချင်ဘူး၊အိမ်မှာပဲစာကျက်လို့မရဘူးလား"

"မရဘူးပြီးတော့မင်းအဖေကလည်းသစ်တောမှာအရေးကြီးကိစ္စနဲ့အိမ်ပြန်မအိပ်ဘူးလေ၊မင်းအိမ်မှာစာကျက်မကျက်ဘယ်သူသိမှာလည်း"

"ကျွန်တော်အဖေအိမ်ပြန်မအိပ်တာဆရာမဘယ်လို့သိတာတုန်း"

"လျှာမရှည်နဲ့မင်းအကြောင်းပြောဖို့အတွက်နဲ့ငါတို့ဖုန်းအဆက်အသွယ်ရှိတယ်"

"အော်ဟုတ်ဆရာမဒီလိုဆိုရင်ရော့"

"အေးပြောဘယ်လို့တုန်း"

"ကျွန်တော်ညတိုင်း bright အိမ်မှာစာလုပ်မယ်၊ကျွန်တော်စာကျက်မကျက်ဆိုတာတော့ bright ကိုမေးကြည့်ပေါ့၊အဲ့လိုဆိုရင်ရော"

"ဆရာမကိုစျေးဆစ်နေတာပဲ၊အဲ့ဒါဆို bright က win ကိုတာ၀န်ယူနိုင်လား"

(ဆရာမရယ်ဘယ်လို့ကြီးမေးလိုက်တာလည်း)

Bright ကမျက်နှာကြီးရဲပြီးရှက်ရှက်နဲ့

"ကျွန်တော်တာ၀န်မယူနိုင်ပါ ဘူး"

Win က

"ဘာလို့လည်း"

"ကျွန်တော်ကျောင်းစာတွေနဲ့တောင်အလုပ်ရှုပ်နေတာ၊သူကိုကျွန်တော်တာ၀န်မယူနိုင်ပါဘူးဆရာမ"

"အင်းအဲ့ဒါလည်းဟုတ်တယ်၊win ညကျောင်းသာတက်လိုက်ပါ"

"ဟုတ်ဆရာမအဲ့လိုလုပ်လိုက်ပါမယ်"

"မပူနဲ့ win ဆရာမတို့အကောင်းဆုံးကြိုးစားကြတာပေါ့"

"ဟုတ်ဆရာမ"

bright ကသူပြောပြီးသူပဲစိတ်မကောင်းဖြစ်မကောင်းဖြစ်နေ၊ဒါပင်မဲ့

"ငါသူနဲ့ဝေးဝေးနေရမယ်၊မဟုတ်ရင်စာကိုအာရုံစိုက်နိုင်မှာမဟုတ်ဘူး"

win ကစိတ်ကောက်၊သူကိုတာ၀န်မယူလို့တဲ့
(ဟိဟိ ၄၊၂ ကိစ္စလားမသိဘူး၊bright တာ၀န်ယူလိုက်ပါနော်၊win အားငယ်သွားပြီ😌😞)

အဲ့နေ့တစ်နေ့လုံး winbright တို့စကားမပြောဘူး၊ကန်တင်းမှာလည်းတစ်ယောက်တစ်ခုံထိုင်၊ညနေကျ bright ကအရင်ပြန်၊win ကနောက်ရက်ကျရင်ဘောလုံးမကန်ရတော့ဘူးလေ၊အဲ့တာကြောင့်ဒီနေ့တစ်ရက်ဘောလုံးစုကန်

#မူရင်းရေးသားသူ - Khin Gyi
#စာရေးဆရာ - အလတ်ကောင်

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now