Win တို့ကြေညာရိုက်တာ ဒီညနောက်ဆုံးနေပါပဲ၊ရိုက်ကွင်းနောက်ဆုံးနေမို့ tay နဲ့ king လည်းရိုရ်ကွင်းမှာရှိနေပါတယ်၊fong တို့ရိုက်လို့လည်းပြီးရော အားလုံးနှုတ်ဆက်တဲ့အနေနဲ့ ဆိုင်တစ်ဆိုင်မှာညစာစားပွဲလေးလုပ်၊king က
"ကြေညာရိုက်ကူးရေးပြီး သွားပြီမို့ပျော်ပျော်ပါးပါးစားကြသောက်ကြတာပေါ့"
Bright က win အနားမှထိုင်နေပင်မဲ့ win ကိုစကားတစ်လုံးမှမပြောဘူး၊win လည်းပထမတော့ love နဲ့စကားပြောနေသေးတယ်၊နောက် bright ကသူကို လျစ်လျူရှူ့ထားတယ် ထင်ပြီးစကားစပြောဖို့လုပ်နေ
"Bright ... ကျွန်တော်ကို စိတ်ဆိုးနေတာလား"
Bright က win ကိုစကားပြန်မပြောသေးဘူး
"မနေ့ကကိစ္စအတွက် တောင်းပန်ပါတယ်၊အဲ့တုန်းကစိတ်ဆိုးလို့ပြောလိုက်မိတာပါ၊ဒါပင်မဲ့ကျွန်တော် bright ကိုဘာအတွက် စိတ်ဆိုးမှန်းလည်းမသိဘူး"
Win တောင်းပန်တော့မှ bright ကစကားစပြောလာတယ်
"Win ငါတစ်ခုမေးမယ်၊မင်းအမ one ကိုချစ်နေတာလား"
"ကျွန်တော်အမ one ကိုချစ်လို့မရဘူးလား"
"ချစ်လို့ရပါတယ်၊ဒီအတိုင်းမေးကြည့်တာပါ"
"Bright ကရောအမ one ကိုချစ်နေတာလား"
"မချစ်ပါဘူး၊ငါချစ်နေတာ သက်သက်တစ်ယောက်"
"အဲ့တာဆိုဘာလို့ အမ one ကိုဖျော်ရည်နေ့တိုင်းတိုက်တာလဲ၊ပြီးတော့အဲ့ဖျော်ရည်က ငါတစ်ယောက်ထဲအ တွက်ဆို"
"အဲ့တာလား...အမ one ကငါကိုကိစ္စလေးတစ်ခု ကူညီပေးမယ်ဆိုလို့ပါ"
"အဲ့တာဆိုလည်းတစ်ခြားဖျော်ရည် ဖျော်တိုက်ပါလား၊သံပုရာဖျော်ရည်လေးကို ငါအတွက်လို့ပြောပြီးမင်းတစ်ခြားလူကို ဖျော်တိုက်တာတွေ့တာတွေ့တော့ငါစိတ်ထဲတစ်မျိုးကြီးပဲ၊ပြီးတော့တစ်ခြားလူလည်းမဟုတ်ဘူး ငါအရမ်းချစ်ရတဲ့အမ one ကို..."
"အခုမင်းစိတ်ထဲဘာကိုစိုးရိမ်နေတာလဲ၊ငါကအမ one ကိုချစ်သွားမှာစိုးရိမ်နေတာလား၊အမ one ကငါကိုချစ်လာမှာကို စိတ်ပူနေတာလား"