(part - 2)အပိုင်း - ၅၃

42 4 2
                                    

King က Air တို့အိမ်ရောက်တော့ Air အ​မေက king ကိုအိမ်ထဲအတင်းခေါ်နေ

"King သားလေး... လာအိမ်ထဲဝင်အုန်း"

"ဟုတ်အန်တီ"

"သားလည်းအခုမှ အိမ်ကိုလာတော့တယ်"

"ဟုတ်တယ်အန်တီ၊ကျွန်တော်အလုပ်မအားတာနဲ့
ပဲမလာဖြစ်ဘူး"

"အင်းပါ၊အခုရောက်လာပြီဆိုတော့ ထမင်းစားပြီးမှပြန်နော်"

"ဟုတ်အန်တီ"

"အေမ....သမီးရေသွားချိုးလိုက်အုန်းမယ်"

"သမီး...အမေအပေါ်ထပ်မှာ အားလုံးအဆင့်သင့်လုပ်ထားတယ်"

"ဟုတ်အမေ"

Air အပေါ်ထပ်မှာရေချိုးနေတုန်း အန်တီနဲ့ king ကအောက်မှာစကားတွေပြောနေ၊နောက်စကားတွေပြောပြီး Air ရေချိုးပြီးဆင်းလာတော့ အန်တီနဲ့သုံးယောက်သားညစာချက်ပြုတ်ပြီး စကားတွေပြောရင်းစားသောက်ကြ၊phuak ကရုံဆင်း

တော့တိုက်ခန်းကိုပြန်ရေမိုးချိုးပြီး ညစာသွားဝယ်နေ၊king ညစာမစားရသေးဘူးထင်ပြီး ပိုဝယ်လာခဲ့တယ်၊phuak ကဟင်းတွေပန်းကန်ထဲထည့်ပြီး king  ပြန် အလာကိုစောင့်နေ၊king က Air တို့နဲ့ညစာစားပြီးပြန်လာ

"အကို king ပြန်လာပြီလား၊ရေချိုးမလား"

"အင်း"

King ရေချိုးနေတုန်း fong ဆီလာဖုန်းလာ

"Fong ပြော"

"ငါ win ဆီဖုန်းဆက်တော့ မနက်ဖြန်သူ singapore ကိုသွားရ​တော့မှာတဲ့"

"ဟုတ်လား"

"အေးငါဖုန်းဆက်လိုက်လို့ မဟုတ်ရင်ငါတို့တောင် သိလိုက်မှာမဟုတ်ဘူး၊အဲ့တာသူကိုမနက်ဖြန် လေဆိပ်ကိုလိုက်ပို့ပေးမလို့ မင်းပါလာခဲ့"

"အေးလိုက်ပို့ပေးရမှာပေါ့၊ဒါနဲ့ win ပြိုင်ပွဲရက်ကလိုသေးတယ်မဟုတ်ဘူလား"

"အင်း...ပြိုင်ပွဲကနောက် တစ်ပတ်လောက်တော့ လိုသေးတယ်၊ဘာလို့အစောကြီး သွားလဲတော့ငါလည်းမသိဘူး"

"အေး...မင်းသွားရင်ငါလာခေါ်လိုက်"

"အစောကြီးလာမခေါ်နိုင်ပါဘူး၊win အိမ်မှာပဲဆုံကြမယ်"

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now