ပွဲအစပထမအချီ Tay နဲ့ new ထိပ်တိုက်တွေ့၊Tay က new ကိုအခုမှာမြင်ဖူးတာ new ရော ပဲ၊ပထမပိုင်းမှာ new တို့ကအ မှတ်များနေ၊ခဏနားကြ new တို့ဘက်ကကျောင်းသားတွေကအမှတ်များနေတာဆိုတော့
"ငါတို့မေဂျာနိုင်ရမယ်၊ငါတို့မေဂျာနိုင်ရမယ်...."
Win တို့ကလည်းမရှုံးမပေးပဲ Tay ကိုအားပေးနေ
"ငါတို့စီနီယာအကိုကြီး Tay သူတို့ကိုလုပ်ပြလိုက်စမ်းပါ၊အကိုအစွမ်းတွေကိုထုတ်ပြ လိုက်"
"ငါတို့အကိုကြီး Tay ၊ Tay ကွ"
Tay က win သူကိုအားပေးနေတာကိုကြည့်ပြီးရယ်နေ
"ဒီကောင်မလွယ်ဘူး၊တော်တော်အရှက်မရှိတဲ့ကောင်ငါနာမည်ကိုတစ်ချိန်လုံးခေါ်နေ တယ်"
ဒုတိယအချီပြန်စ၊ဒုတိယပိုင်းပြန်စတယ်ဆိုတာနဲ့ Tay တို့ဘက်ကဖိပြီးကစားလာ၊ခဏ ကြာနှစ်သင်းလုံးအမှတ်တွေတူ သွား၊အားပေးနေတဲ့လူတွေကလည်းသူတို့အသင်းနိုင်ရမယ်ငါတို့အသင်းနိုင်ရမယ်ဆိုပြီးအော်နေတာဆူညံနေတာပဲ၊
အချိန်တွေကုန်လာတာနဲ့အမျှကစားကစားတဲ့လူတွေရော၊အားပေးတဲ့လူတွေရောပိုပြီး တက်ကြွလာလိုက်ကြတာနောက်ဆုံးပွဲလည်းပြီးရော Tay တို့အသင်းအမှတ်အသာနဲ့နိုင်သွား၊အမှတ်ကသိပ်တော့မကွာဘူး၊new တို့အသင်းဒုတိယနဲ့ပဲဖြေသိမ့်Win တို့ Tay နိုင်သွားတယ်လည်းဆိုရော့ပျော်လို့ခုန်ပေါက်ပြီးကနေ၊bright ကသူတို့အသင်းရှုံးတာကိုစိတ်မကောင်းမဖြစ်တဲ့အပြင် win ပျော်နေတာကိုကြည့်ပြီးပြုံးနေ၊new ကရှုံးလို့သူအသုံးမကျဘူးဆိုပြီးငိုနေ၊Bright ကတွေ့သွားတော့နှစ်သိမ့်ဖို့သွား၊bright က new နားထိုင်ပြီးနှစ်သိမ့်ပေးဖို့လုပ်၊New က bright ကိုဖက်ပြီးငိုတော့တာပဲ၊bright ကလည်း New ကျောလေးကိုပွတ်ပြီးနှစ်သိမ့်ပေးနေ၊win ကတွေ့သွားပြီးစိတ်ထဲတစ်မျိုးလေးဖြစ်သွားတယ်
Tay နဲ့ new ကပထမဆုနဲ့ဒုတိယဆုတက်ယူ၊Tay ကတော့မလားကိုင်ပြီးအောင်ပွဲခံနေ၊new ကဆုယူပြီးပြန်ဆင်းမယ်လုပ်တော့ tay က new လက်ကိုကိုင်ပြီးသူဆီလှမ်းခေါ်၊Tay က new လက်ကိုဖလားပေါ် တင်လိုက်၊နောက်ပြီး Tay နဲ့ New အတူတူကိုင်ပြီးဖလားကိုမြှောက်