....အခုကအမေဆီက ခွင့်ပြုချက်ရလို့ bright တစ်ယောက်ပျော်နေရမယ်အချိန်ပါ........
Bright အမေအခန်းထဲ ကထွက်လာ၊အဖေနဲ့ win တို့က bright ထွက်အလာကို စောင့်နေကြတာ bright ကအမေအခန်းထဲက ထွက်လာပြီး မျက်နှာလေးငယ်ကာ win တို့ဆီလျှောက်လာ၊win က bright မျက်နှာမကောင်းလို့ အကျိုးအ ကြောင်းမေးကြည့်
"မိန်း မျက်နှာလည်း မကောင်းပါလား၊အမေကဆူလိုက်လို့လား"
"မဟုတ်ပါဘူး"
ဦး Zin က
"Pi ကသားတို့ကို လက်ထပ်ဖို့ခွင့်မပြု လိုက်ဖူးလား"
"မဟုတ်ပါဘူး အဖေ"
"အဲ့တာဆိုအမေက ခွင့်ပြုတယ်ပေါ့၊ပျော်လိုက်တာ ဒါနဲ့မိန်းက အခုဘာဖြစ်နေတာလည်း"
"လက်ထပ်ရတော့မှာဆိုတော့ နည်းနည်းကြောက် နေလို့ ပြီးတော့အချစ်ကမိန်းရဲ့ တရားဝင်ယောက်ျား ဖြစ်လာတော့မှာလေ"
"ဘာလို့လည်း ကိုကမိန်းကိုပျော် အောင်မထားမှာဆိုးလို့လား"
"အဲ့လို့မဟုတ်ပါဘူး၊ပညာတော်သင် မသွားချင်လို့ အမေကိုကူပြောပေးပါလား အဖေ"
"ဘာလို့လည်းသားရဲ့ Pi ကိုကတိပေးထားတယ်မှတ်လား"
"ဟုတ်တော့ဟုတ်ပင်မဲ့ အချစ်ကိုမခွဲနိုင်ဘူး ပြီးတော့စိတ်လည်းမချဘူး"
"အကိုတို့များ တက်လည်းတက်နိုင်တယ်၊ဒီမှာတော့အကိုဘာများ ဖြစ်လို့လည်းဆိုပြီး စိတ်ပူလိုက်ရတာ၊လက်စသတ်တော့ သူယောက်ျားဖြစ်လာမယ်သူကို စိတ်မချဖြစ်နေတာကို"
"Ki ကလည်းမိန်းကို အဲ့လိုမပြောပါနဲ့"
"အဲ့တာဆိုလည်း သွားအိပ်တော့မယ်၊မဟုတ်လို့ဒီအတွဲရှေ့မှာကြာကြာ ထိုင်နေရင်ကိုယ်ပါ မဂ်လာဆောင်ချင်စိတ်တွေ ပေါက်လာလိမ့်မယ်"
"အဖေလည်းသွားအိပ်တော့မယ်"
ဦး Zin နဲ့ ki ကဒီအတွဲရိုနေတာ မကြည့်ချင်လို့ အခန်းထဲဝင်အိပ်သွားကြ၊win ကဝမ်းနည်းနေတဲ့ bright ကိုပြုံးလာအောင် အားပေးစကားပြောပေးနေ
"အချစ်..... မိန်းကို စောင့်နိုင်တယ်မှတ်လားရင့်...
.....လေးနှစ်ပဲကြာမှာပါ၊ဒီအတောအတွင်း မိန်းကို သစ္စာရှိရှိစောင့်နေရမယ်နော်"