ဒီနေ့လေးကတော့ win ရဲ့အပျော်ရွှင်ရဆုံးနေ့လို့ပြောရမှာပါပဲ၊ဘာလို့ဆို ki တစ်ယောက်ဆေးရုံကဒီနေ့ပဲဆင်းရတော့မှာပါ၊win ကအလုပ်တွေအကုန်နားထားပြီး ဆေးရုံကိုအစောကြီး ရောက်နေပါပြီ၊လူနာဆေးရုံဆင်းရလို့ ပျော်နေတာထက် win ကလူနာရဲ့နှစ်ဆလောက်ကို ပျော်နေပါတယ်
အကြောင်းရင်းကတော့ နောက်ရက်တွေဆို bright နဲ့တိုက်ခန်းလေးမှာနှစ်ယောက်ထဲ ကျန်ရှိနေတဲ့ဘဝရဲ့ စာမျက်နှာသစ်တွေကို အတူရင်ဆိုင်ဖြတ်သန်း ကြရတော့မှာမို့ပါ၊win တစ်ယောက် စိတ်လှုပ်ရှားတာရော စိတ်ပူတာတွေရော ပျော်ရွင်မှုတွေရော စိတ်ထဲမှာ တစ်ပြိုင်ထဲ ဖြစ်ပေါ်နေ့နေပါတယ်၊bright လည်း win နဲ့အတူနေရတော့မှာမို့ စိတ်ထဲမှာကြိတ်ပျော်နေရှာပါတော့သည်။
riki ဆေးရုံကမဆင်းခင် bright ဆေးရုံရဲ့ကောင် တာမှာပိုက်ဆံရှင်းနေတုန်း အမ one ကိုတွေ့သွားတယ်၊one တစ်ယောက်ထဲဆေးရုံကို ရောက်လာပြီး ဆရာဝန်ရဲ့ ဆွေးနွေးတိုင်ပင်တဲ့အခန်းထဲ ဝင်သွားတာမို့ bright ကနောက်ကလိုက်လာပြီး အခန်းရဲ့ရှေ့မှာရပ်စောင့်ပေးနေလေသည်။
bright အမ one ကိုစောင့်နေတုန်း win က bright ကိုဟင်းချက်ကျွေးချင်နေတာမို့ အန်တီ Pi ကို bright ကြိုက်တက်တဲ့ ဟင်းတွေကိုမေးကြည့်နေတယ်
"အမေ... မိန်းကြိုက်တက်တဲ့ ဟင်းတွေကဘာတွေလဲရင့်"
"သားလေးလား.......သားကအမေချက်ကျွေးတဲ့ ငါးဟင်းဆိုသူအရမ်းကြိုက်တာ"
"ဟုတ်...သားလည်း မိန်းကိုချက်ကျွေးချင်လိုက်တာ အမေရယ်၊ဒါပင်မဲ့သားက ဟင်းမချက်တတ်ဘူး"
"အမေသင်ပေးမှာပေါ့၊သားကအမေပြောတဲ့အတိုင်း လိုက်ချက်ကြည့်လေ"
"ဟုတ်အမေ"
win က bright ကိုအရင်လိုပဲ ဂရုစိုက်ပြီး ချစ်နေတာတွေ့တော့ အန်တီ Pi လည်း bright အတွက်စိတ်အေးသွားရပါပြီ၊နောက် one ကဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အခန်းထဲကထွက်လာတော့
bright စောင့်နေတာတွေ့သွားတယ်"bright ဒီမှာဘာလုပ်နေတာလည်း "
"အမ one တစ်ယောက်ထဲ လာတာတွေ့လို့ စောင့်ပေးနေတာ၊အမ one နေမကောင်းဘူးလား..မတွေ့တာကြာပြီ"