Win တို့သူငယ်ချင်းတွေနဲ့ ထမင်းစားပြီး အိမ်ပြန် လာ၊win ကတစ်နေ့ကုန်ချွေးတွေနဲ့မို့ ရေသွားချိုးနေ၊bright ကကုတင်ပေါ်မှာလှဲရင်း ဖုန်းသုံး win ကရေချိုးပြီးခေါင်းလျှော် ထားလို့ခုံမှာထိုင်ရင်း ဆံပင်သုတ်နေတယ်၊bright က win ရေချိုးခန်းထဲက ထွက်လာတာကို သတိမထားမိဘူး ဖုန်းနဲ့ပဲအလုပ်ရှုပ်၊win က
"မိန်းဘာလုပ်နေတာလဲ"
"Kane နဲ့စကားပြောနေတာလေ"
"ဟုတ်လား"
Kane နဲ့စကားပြောနေရတာ နဲ့သူရှိနေတာကို မသိသလိုလုပ်နေလို့ စိတ်မကောင်းဖြစ်သွား၊နောက် bright ကဖုန်းကိုပြုံးပြုံးကြီး ကြည့်နေပြီး ပီတီတွေဖြာနေ၊win လည်းစိတ်မထိန်းနိုင်တော့ပဲ bright ကိုလှမ်းမေးလိုက်တယ်
"Kane နဲ့စကားပြောနေရတာ အဲ့လောက်တောင်ပျော်ဖို့ ကောင်းလား"
"အချစ်...ဘာဖြစ်နေတာလဲ"
"ကို့ကို ရှေ့ထားပြီးပြုံးနေလိုက်တာ များမပြောလိုက်ချင်ဘူး"
Win က bright ကိုစကားပြောနေရင်း ဟိုဘက်လှည့်ပြီး ကျောပေးလိုက်၊bright က win စိတ် ဆိုးနေတာကို သိရက်နဲ့မချော့သေးပဲ ဖုန်းလှမ်းဆက်
"အင်း..ကျေးဇူးပဲ သူငယ်ချင်း၊ငါဘယ်တော့ လာယူရမလဲ"
"မနက်ဖြန်ငါ win နဲ့ထည့်ပေးလိုက်မယ်လေ"
"အင်း..အရမ်းလှတယ်"
"မင်းကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်၊win ကိုလည်းပြလိုက်အုန်း"
"အင်း..သူငယ်ချင်း၊ဒါပဲနော်"
Bright ကဖုန်းချပြီး ကုတင်ပေါ်မှာလှဲနေရင်းထိုင်လိုက်တယ်၊win က bright ဘယ်သူနဲ့ ဖုန်းဆက်တာလည်း သိချင်လို့ ဒီဘက်လှည့်လာပြီး......
"မိန်း ခုနက ဘယ်သူနဲ့ဖုန်းပြောနေတာလဲ"
"Fong နဲ့လေ၊ဘာလို့လဲ"
"သူကိုဘာဖြစ်လို့ ဖုန်းဆက်တာလဲ"
Bright က fong ပို့ထားတဲ့ ဓာတ်ပုံကိုပြဖို့ win ဆီကိုလာ၊win ကဓာတ်ပုံကိုကြည့်နေတုန်း bright က win ဆံပင်လေးတွေ သုတ်ပေးနေ
"ချစ်.... မိန်းတို့ hair dryer လေးဝယ်ရအောင်"
"ဘာဖြစ်လို့လဲ မိန်း.."