ဘောလုံးလေ့ကျင်ပြီးအိမ်ပြန်
Win က bright ကိုအိမ်ပြန်ပို့၊လမ်းမှာ win ကစကားတစ်ခွန်းမှမပြောဘူး၊bright အိမ်ရောက်
Win - ငါပြန်တော့မယ်
Bright - ငါအိမ်မဝင်တော့ဘူးလား
Win - အေးမဝင်တော့ဘူး၊ငါနားချင်နေပြီ
Bright - အေးပါမင်းအိမ်ရောက်ရင်ငါဆီဖုန်းဆက်အုန်း
Win - အေးသွားပြီ
1 ပတ်ကြာ
Win ကဘောလုံးပွဲရှိလို့စောစောသွား၊bright ကဆရာဝန်ဆီမှာပက်တီးဖြည့်ပြီးကျောင်းသွား၊win တို့ကစာမသင်ရပဲဘောလုံးကန်နေတာ၊bright ကျောင်းခန်းထဲဝင်ထိုင်၊အခန်းပြတင်းပေါက်ကနေ win တို့ကန်တာကြည့်နေ
ဆရာမ - bright ဘောလုံးပွဲသားသွားကြည့်ချင်လို့လား
Bright - ဟုတ်
ဆရာမ - ကြည့်ချင်ကြည့်လေ၊အိမ်မှာတော့စာလုပ်နော်
Bright - ဟုတ်ဆရာမ
ကျောင်းသားများ - ဆရာမကျွန်တော်တို့လည်းကြည့်ချင်တယ်၊အိမ်မှစာပြန်လုပ်ပါမယ်
ဆရာမ - ဘာကိုအိမ်မှာစာပြန်လုပ်မှာလည်း၊နင်တို့သာအိမ်မှာစာပြန်လုပ်ရင်စာမေးပွဲကျမှာမဟုတ်ဘူး၊မသွားရဘူးစာလုပ်
ကျောင်းသားများ - ဆရာမကလည်းဗျာ
Bright က win ကန်နေတာထိုင်ကြည့်နေ၊win တို့ပထမပိုင်းနား
Bright - win မင်းဘယ်လိုကန်နေတာလည်း
Win - ဘာလိုလည်း
Bright - တစ်ကိုယ်ကောင်းမဆန်နဲ့လေ၊အသင်း သားတွေနဲ့အပေးအယူလုပ်ပြီး သေချာဆော့လေ
Win - မင်းကနည်းပြလား
Bright - မင်းဘာဖြစ်နေတာလည်း၊ငါကစေသနာနဲ့သတိပေးတာကို.....
Win - ရတယ်မလိုပါဘူး
Bright - ဒီကောင်ဘာဖြစ်နေတာလည်း
ဒုတိယပိုင်းကန် win တို့နိုင်သွား(3 ၊ 2)
နည်းပြ - ငါတို့ဒီနေ့နိုင်သွားပင်မဲ့မစည်းလုံးဘူး၊အချိတ်အဆက်သိပ်မရှိဘူး၊နောက်ပွဲတွေကပိုခက်မှာအားလုံးစည်းလုံးကြ၊နောက်တစ်ပွဲအ တွက်ဖိုက်တင်း
အသင်းသားများ - ဟုတ်ဖိုက်တင်း
နည်းပြ - နေအုန်းမေ့လို့၊နောက်ပွဲကြရင် bright ပါလိမ့်မယ်
Win - အဲ့ဒါဆိုကျွန်တော်ရောပါအုန်းမှာလားဗျာ
နည်းပြ - win ကပါမှာပေါ့ကွာ၊မပူပါနဲ့
Win - ဟုတ်
ဘောလုံးကန်ပြီးနေ့လည်ရောက်၊win တို့ရေချိုးပြီးကန်တင်းကိုလာ၊bright က win ကိုထိုင်စောင့်နေတာ win ကဘောလုံးကန်တဲ့လူတွေနဲ့ပဲထမင်း စား၊ကျောင်းပြန်တက်တော့ bright က win အတွက်အအေးဝယ်လာတယ်၊win ကမသောက်ပဲတခြားသူကိုတိုက်လိုက်
စာသင်ပြီးအိမ်ပြန်
Bright ကခြေထောက်ကောင်းသွားပြီလေ၊win ကသူဘာသာသူပြန်သွား၊bright က win ကိုအိမ်တူတူပြန်ဖို့စောင့်နေ၊
သူငယ်ချင်း - bright မင်းဘယ်သူကိုစောင့်နေတာလည်း
Bright - ငါ win ကိုစောင့်နေတာ
သူငယ်ချင်း - win ပြန်သွားပြီလေ
Bright - အေးဟုတ်လားကျေးဇူးပဲ
သူငယ်ချင်း - ရပါတယ်ကွာငါသွားပြီ
Bright - အေးသူဘာလို့ငါကိုမစောင့်တာလည်း၊ဒီနေ့တနေ့လုံးဘာတွေဖြစ်နေတာလည်းကွာ
(P'bright သနားပါတယ်ကွာ😞)
#မူရင်းရေးသားသူ - Khin Gyi
#စာရေးဆရာ - အလတ်ကောင်