Win ကရေကူးကလပ်ဆီပြန်သွားကလပ်ကလည်း လက်ခံတယ်လေ၊kiss ကတော့မျက်နှာပူနေတယ်၊ ညနေအိမ်ပြန် win ဆီအဖေဖုန်းဆက်
"သားနေကောင်းလား"
"ဟုတ်ကောင်းတယ်၊အဖေရော"
"ကောင်းပါတယ်၊မင်းကလေအဖေဆီဖုန်းလေးတောင်မဆက်ဘူးနေနိုင်လိုက်တာ"
"မဟုတ်ပါဘူးအဖေ၊သားမအားလို့ပါ"
"ဘာလည်းကောင်းမလေးကြောင့်အလုပ်ရှုပ်နေတာလား"
"ဟုတ်"
"အေးပါအဖေအခုဘန်ကောက်ရောက်နေတယ်၊မင်းကိုလိပ်စာပေးလိုက်မယ်လာခဲ့"
"ဟုတ်အဖေသားအခုပဲလာခဲ့မယ်"
Win ကဆိုင်ကယ်နဲ့အဖေဆီသွား၊အဖေကဝရန်းတာမှာထွက်ကြိုနေ၊win ကိုတွေ့တော့လက်ပြနှုတ်ဆက်၊Win ကဆိုင်ကယ်ရပ်ပြီးအဖေဆီသွား၊အဖေကတံခါးဖွင့်ပေး
"သားလာကြည့်မင်းဒီအခန်းကြိုက်လား"
"ဟုတ်ကောင်းပါတယ်"
"အဖေမင်းတို့အတွက်ဝယ်ပေးတာ"
"တကယ်လားအဖေ၊အဲ့တာကြောင့်ချစ်နေရတာ"
"သားညီလေးကလည်းနောက်နှစ်ဆိုဘန်ကောက်မှာတက္ကသိုလ်လာတက်မှာလေ၊မင်းတို့အခန်းငှားနေရမှာဆိုးလို့အဖေဝယ်လိုက်တာ"
"ကျွန်တော်နဲ့ညီလေးအတွက်လား၊မသိပါဘူးကျွန်တော်တို့နှစ်ယောက်အတွက်လားလို့"
"ဘာလည်းမင်းတို့ကအတူနေနေပြီလား"
"ဟုတ်"
"ငါသားကအဖေထက်တောင်လက်သွက်နေပါလား"
"အဖေသားပဲလေအဖေရဲ့"
"အခုရောအခြေနေဘယ်လို့လည်း"
"သူအမေကြီးသိသွားလို့သားတို့မတွေ့ရတော့ဘူး"
"သူအမေကငါသားနဲ့သဘောမတူဘူးလား"
"အင့်...သားကယောကျာ်းလေးမို့လားမသိပါဘူး"
"ဘာ....မင်းကမိန်းကလေးနဲ့တွဲနေတာမဟုတ်ဘူးလား"
"သားအခုယောကျာ်းလေးနဲ့တွဲနေတာ၊သားသူကိုတကယ်ချစ်တာပါ၊အဲ့တာကိုသူအမေကမယုံဘူးနဲ့တူတယ်"
