မနက်ရောက်
Win ထုံးစံအတိုင်းရေချိုး၊မနက်စာစား၊ကျောင်းကိုလာ၊win လမ်းမှာ bright နဲ့တွေ့
Win - ငါတို့ကျောင်းအတူသွားလို့ရတယ်မလား
ကျောင်းရောက်စာသင်တော့သချာင်္ဆရာကအိမ်စာတွေထပ်ခိုင်း၊bright ကမရေးလာဘူး
Win - မင်းစာအုပ်ရော
Bright - ငါမရေးလာဘူး
Win ကသူစာအုပ်ကို btight နာမည်ရေးပြီးထပ်လိုက်တယ်
Bright ကမသိဘူး၊ဆရာကစာအုပ်မထပ်တဲ့လူတွေကိုခေါ် တော့ bright ကသူကိုခေါ်မယ်ထင်ပြီးထနေပြီ ဆရာက win လို့ခေါ်လိုက်တော့ bright ကြောင်သွားတယ်
ဆရာ - ငါအချိန်ပြီးတဲ့အထိ အခုချက်ချင်းအခန်းရှေ့ထွက်လက်မြှောက်နေ
လက်မြှောက်ရတာ win တစ်ယောက်ထဲမဟုတ်ပါဘူး၊စာအုပ်မထပ်တဲ့သူတွေ ၃၊၄ ယောက်ပဲ (ဘာပဲဖြစ်ဖြစ် win အဖော်ရှိတာပေါ့)ဆရာကစာသင်ပြီးတော့ win ပြန်ထိုင်နေ
Win - လက်တွေညှောင်းလိုက်တာကွာ
Bright - မင်းဘာလုပ်လိုက်တာလည်း
Win - မင်းအစားငါစာအုပ်ထပ်လိုက်တာလေ
Bright - ဘာဖြစ်လို့ငါကိုကူညီတာလည်း
Win - မင်းကငါသူငယ်ချင်းလေ ကူညီရမှာပေါ့
Bright - မင်းကိုဘယ်သူကအကူညီတောင်းလို့လည်း
Win - အဲ့ဒါဆိုမင်းတစ်ချိန်လုံးလက်မြှောက်နေမို့လား၊မင်းငါကိုကျေးဇူးတင်စကားတောင်မပြောတော့ဘူးလား
Bright - ဘာလို့ပြောရမှာလည်းမင်းဘာသာမင်းကူညီတာလေ၊ငါအကူညီတောင်းတာမှမဟုတ်တာ
Win - အေးပါငါကိုကလျှာရှည်တာ
Win ပြောလိုက်တဲ့စကားကြောင့် Bright ရယ်နေ၊နေ့လည်ကန်တင်းမှာ win က bright ဘေးနားသွားပြီး
Win - ငါထိုင်မယ်နော်
Bright - ထိုင်ပေါ့ ငါနေရာမှမဟုတ်တာ
Win - မင်းညနေကျရင်ဘာလုပ်ဖို့ရှိလည်း
Bright - မင်းဘာလုပ်မို့လည်း
Win - ငါတို့ဒီညဘောလုံးကန်ကြမှာမင်းပါအုန်းမလား
Bright - မပါဘူး၊ငါအိမ်စာလုပ်ဖို့ရှိတယ်
Win - ငါလည်းတွက်ရမှာပဲကို ငါမင်းအိမ်စာတွေကူတွက်ပေးမယ်လေဆော့ရအောင်ကွာ
Bright - ဘာမင်းကငါအိမ်စာတွက်ပေးမယ်ဟုတ်လား
Win - အေးလေဘာလို့လည်း
Bright - မင်းငါအစားထပ်လိုက်တဲ့စာအုပ်လေ၊မင်းတွက်ထားတာအမှားတွေကြီးပဲ၊ဆရာကငါတောင်လာဆူသွားတယ်
Win - အဲ့ဒါလားငါကသချာ်ညံ့တယ်ကွာသိပ်မတွက်တက်ဘူး၊မင်းငါကိုသချာင်္သင်ပေးပါလား ငါမင်းအိမ်စာတွေကူရေးပေးမယ်လေ
Bright - ကောင်းပြီလေ မင်းငါကိုအိမ်စာတွေရေးပေးရင်သင်ပေးမယ်
Win - တကယ်လား အဲ့တာဆိုညနေကျရင်ဘောလုံးကန်ကြမယ်
Bright - အေးပါ
ညနေကျဘောလုံးကွင်းမှလူစု၊လူစုံတော့ဘော လုံးစကန်၊ဘောလုံးကန်ရင်း (2၊1)နဲ့ရှုံးနေတုန်း bright ခြေထောက်နာသွား
Win - ရလို့လား ငါတွဲပေးမယ်၊ဒီခုံမှာခဏထိုင်နေပြီးရင်မင်းကိုဆေးခန်းလိုက်ပို့ပေးမယ်
Bright - အေး
ဘောလုံးကန်ပြီးတော့ win က bright ကိုကျောင်းဆေးခန်းလိုက်ပို့၊ဆေးခန်းရောက်တော့ဆရာဝန်က bright ကိုဆေးထည့်ပြီးပက်တီးစည်းပေးတယ်၊ခြေထောက်ခေါက်သွားတာ
လမ်းမလျှောက်နဲ့အုန်း၊win က bright လွယ်အိတ်တွေသွားယူပြီးဆေးခန်းပြန်လာWin - ဆရာသူခြေထောက်ကစိုးရိမ်ရလား
ဆရာဝန် - မနက်ကြရင်သက်သာသွားမှာပါ၊အခုတော့လမ်းမလျှောက်နဲ့အုန်း
Win - မင်းငါစက်ဘီးနဲ့လိုက်ခဲ့
Bright - ရတယ်ငါစက်ဘီးစီးပြီးပြန်လိုက်မယ်
Win - မင်းဒီခြေထောက်နဲ့ဘယ်လိုနင်းမှာလည်းအခုတောင်ငါတွဲထားရတာကို
Bright - အဲ့ဒါဆိုငါစက်ဘီးဘယ်လိုလုပ်မလည်း
Win - မင်းကငါစက်ဘီးနောက်ကထိုင်ပြီးမင်းစက်ဘီးကိုင်လာခဲ့လေ
Bright - အင်း....အဲ့ဒါကောင်းတယ်
bright က win နောက်မှထိုင်ပြီးသူစက်ဘီးကိုတစ်ဖက်ကိုင်တစ်ဖက်က win ပခုံးကိုကိုင်ထား
Win - နောက်ဆုံးတော့မင်းအိမ်ကိုသိခွင့်ရပြီ
Bright - မင်းဘာတွေကြံနေတာလည်း
Win - မင်းအိမ်ဘယ်မှာလည်းငါကိုလမ်းပြအုန်း
#မူရင်းရေးသားသူ - khin gyi
#စာရေးဆရာ - အလတ်ကောင်စာရေးဆရာနာမည်ကိုဘာလို့ အလတ်ကောင် လို့ပေးတာလည်းသိချင်ရင့် 1998 မွေးတဲ့သူတွေ comment မှာရေးပေးသွားကြပါ ပြီးရင်ကျွန်တော်ဘာလို့ အလတ်ကောင် လို့ပေးဖြစ်လည်းဆို့တာပြောပြပါမယ် ဒီထိစာဖတ်ပေးလို့ ကျေးဇူးပါ