Bright တစ်ယောက်ဒီနေ့ အလုပ်စဝင်ရမယ်နေ့ပါ၊နံနက်ခင်းရဲ့အေးချမ်း သာယာမှုနဲအတူ မနက်ခင်းလေးဟာလှပါနေပါတယ်၊bright ရေမိုးချိုး မနက်စားပြီး ရုံကိုအစောကြီးရောက်လာ၊ရုံရောက်တော့အတွင်းရေးမှူးက ဥက္ကဋ္ဌအခန်းထဲခေါ်သွား
"သူဋ္ဌေး p'bright ရောက်ပါပြီ"
"အေး၊ဝင်လာခိုင်းလိုက်"
Bright အခန်းထဲဝင်သွားတော့ သူဋ္ဌေးနှစ်ယောက်ထိုင်နေတယ်
"တွေ့ရတာဝမ်းသာပါတယ်၊ဆာဝါဒီခ"
"အေး..ဒီမှာထိုင်ပါ"
"ဟုတ်"
"မောင်ရင်ကိုဦးတို့ကအခု Besiness Managemet Director အကြံပေးတစ်ယောက်အနေနဲ့ ဦးတို့ရဲ့လက်အောက်မှာအလုပ်လုပ်ရမှာ"
"ဟုတ်...ကျွန်တော်အစွမ်းကုန် ကြိုးစားသွားပါမယ်"
"ဒါပင်မဲ့ဦးတို့နဲ့အတူ အလုပ်လုပ်ရမှာမဟုတ်ဘူး၊ဦးတို့သားတွေနဲ့ အလုပ်အတူတူလုပ်ရမှာ၊သားတွေကကိုယ်ပိုင် brand လုပ်နေတာသိပ်မကြာသေးဘူး၊အဲ့တာမောင်ရင်ကပဲ အစစအရာရာကူညီပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ"
အတွင်းရေးမှူးကပဲ bright နဲ့အလုပ်အတူတူတွဲလုပ်မဲ့ သူတွေဆီလိုက်ပို့ပေးနေ၊အဲ့မှာဖြစ်ချင်တော့ CEO တွေက king နဲ့ tay တို့ဖြစ်နေတယ်၊king က bright ကိုတွေ့တော့ အံသြပြီးဝမ်းသာသွားတယ်
"Bright ညီလေးပြန်လာပြီလား"
"အကိုပါလား"
"ညီဒီကိုဘာလာလုပ်တာလဲ၊အဖေအတွင်းရေးမှူးလည်းပါလာတာကို"
"ဟုတ်တယ် CEO ၊ဒါဥက္ကဋ္ဌကြီးတို့အခုမှာ ခန့်လိုက်တဲ့သူပါ"
"အား....သိပြီ အဖေအကိုကို ပြောထားတဲ့သူကညီပေါ့"
"ဟုတ်၊အကိုနဲ့ အလုပ်အတူတူတွဲ လုပ်ရမှာဆိုတော့ဝမ်းသာပါတယ်"
"အေးကွာ၊အကိုကပိုပြီး ဝမ်းသာပါတယ်၊အတူတူအောင်မြင်အောင်လုပ်ကြတာပေါ့"
"ဟုတ်ကဲ့"
"လာ..ညီ အခုပဲအစည်းအဝေးက စတော့မှာသွားရအောင်"
"ဟုတ်သူဋ္ဌေး"
"ညီကလည်းသူဋ္ဌေးလို မခေါ်ပါနဲ့၊အကိုလိုပဲခေါ်ပါ"