ဦးလေး Zin တို့တွေ့ထားတဲ့အလောင်းကို စစ်ဆေးနေကြပြီ၊နောက်ရဲတွေကဦးလေး Zin ရဲ့တောင်းဆိုချက်ကြောင့် အလောင်းကို DNA ပါစစ်ဖို့လုပ်
(အားလုံးလည်းသိတဲ့ အတိုင်းဒီအလောင်းက win မဟုတ်တာသေချာပါတယ်၊ဒါဆိုဒီအလောင်းက ဘယ်သူများလည်း ဘာလို့တောထဲမှာရှိနေရတာလဲ၊သူဘာသာသူသေသွား တာတော့မဖြစ်နိုင်ဘူး၊ဒါဆိုသူကိုသတ်ပြီး လာပစ်သွားတာပဲဖြစ်မယ်၊ဘာလို့ဒီလို့အဖြစ်ဆိုးနဲ့များ ကြုံရတာပါလိမ့်)
အလောင်းကိုစစ်ဆေး ကြည့်တော့တကယ်ပဲအသတ်ခံထားရတာပါ၊ပြင်ပဒဏ်ရာအနေနဲ့ တစ်ကိုယ်လုံးအညိုမဲတွေစွဲနေတာပဲ ပြီးတော့လက်နှစ်ဖက်ရဲ့ လက်ကောက်ဝတ်တွေမှာ ပြန်မခုံခံနိုင်အောင် လက်ပျံကြိုးတုပ်ထားတဲ့ အရာတွေရှိနေတယ်၊သူသေဆုံးရတဲ့ အဓိကအကြောင်းရင်းက ဘယ်ဘက်ရင်အုံ နှစ်လုံးတည်တည်ကို သေနတ်နဲ့အပစ်ခံရလို့ အခုလိုသေဆုံးရတာပါ
နောက်ပြီး DNA ကိုစစ်ကြည့်လိုက်တော့ဦးလေး Zin နဲ့လုံးဝသွေးသား မတော်စပ်ကြောင်းသိရတယ်၊တကယ်တော့ဒီအလောင်းက ဘန်ကောက်မြို့ရဲ့အမှုလိုက်တဲ့နေရာမှာ အရမ်းတော်တဲ့ရဲမှူးကြီးရဲ့သားဖြစ်နေတယ်၊ရဲမှူးကြီးမှာ Tine ဆိုတဲ့ဒီသားလေးတစ်ယောက်ထဲရှိတာပါ၊Tin ကအခုလို့အဖြစ်ဆိုးနဲ့ကြုံတော့ သူအဖေတော့ရင်ကျိုးရပြီပေါ့၊ဦးလေး Zin တို့လည်း Tine အဖေရှိတဲ့ဘန်ကောက်ကို Tine ရဲ့ရုပ်အလောင်းကို့ပို့ပေးလိုက်တယ်
ဦးလေး Zin ကတော့ win မဟုတ်လို့ပျော်ရပင်မဲ့ win လိုသက်တူရွယ်တူလေးဆိုတော့ တစ်ခါဝမ်းနည်းနေရှာတယ်၊ဒီလိုနဲ့ men တို့ကဦးလေး Zin ဆေးရုံကနေဆင်းလို့ ရပြီမို့အိမ်ကိုပြန်လာကြ၊wi ကဘန်ကောက်မှာဒုတိယ နှစ်တက်နေတာဆိုတော့ ဒီမှာဦးလေး Zin တစ်ယောက်ထဲပေါ့
နောက်တစ်နေ့မနက်ကြတော့ အန်တီ Pi ကအဘွားကိုသွားကြည့်နေ၊men နဲ့ fong ကတော့ men အဖေနဲ့အမေကိုသွားတွေ့၊men အဖေနဲ့အမေကသူသားလေး ပြန်လာလို့ထမင်းတွေ ချက်ပြုတ်ပြီးကျွေးနေ၊နောက် men လာတယ်ဆိုလို့ Off ကခြံထွက်စပျစ်သီးတွေနဲ့ဝိုင်တွေယူလာ
"Men မင်းပြန်လာပြီပေါ့"
"ခဏအလည်လာတာပါ အကိုရာ"
