မနက်ရောက်တော့ win ကအရင်နိုးပြီးရေမိုးချိုးမနက်စာပြင်နေ၊မနက်စာ ကျက်တော့ bright ကို သွားနိုး
"မိန်းမိန်း ထတော့လေ၊ကျောင်းသွားရအုန်းမယ်"
"ခဏလေးပါအချစ်ရယ်၊ငါးမိနစ်ထဲပါ...နော်"
"မရတော့ဘူးမိန်းမိန်းရဲ့ရေမိုးချိုးမနက်စာစားရအုန်းမယ်ထတော့....နော်"
"ငါးမိနစ်ပါဆို....အချစ်ကလည်း"
Win ခဏစောင့်နေငါးမိနစ်လည်းပြည့်ရော bright ကိုပွေ့ချီလိုက်ပြီးရေချိုးခန်းထဲပို့
"အချစ်ဘာလုပ်တာလည်း၊မိန်းအိပ်ချင်သေးတယ်"
"မရဘူး...ဘာလဲမိန်းမိန်းကို ကိုကိုယ်တိုင်ရေချိုးပေးရမှာလား"
Win ကကြယ်သီးတွေဖြုတ်နေ
"ရတယ်အချစ်၊မိန်းမိန်းရေချိုးတော့မယ်"
Bright က win ကိုတွန်းပြီးတံခါးပိတ်
"ကိုမနက်စာပြင်ထားလိုက်မယ်"
Bright ရေမိုးချိုးအ၀တ်စားလဲပြီး win ပြင်ပေးထားတဲ့မနက်စာစားနေ
"ကိုပြင်ပေးထားတဲ့မနက်စာစားကောင်းလား"
"စာကောင်းတယ်"
Win တို့မနက်စာစားပြီးကျောင်းကိုသွား၊ကျောင်းရောက်တော့မနက်ပိုင်းစာ သင်၊နေ့လယ်ထမင်းစားကြ၊Fong က
"Win မင်းတို့နှစ်ယောက်အကြောင်းကျောင်းမှာနာမည်ကြီးနေတာသိလား"
"မသိဘူးလေ"
"မင်းတို့နှစ်ယောက်ကသိပ်ချစ်ကြတယ်ဆိုတာရယ်၊အရမ်းကိုလိုက်ဖက်တဲ့စုံတွဲတွေတဲ့ပြီးတော့တစ်ချို့တွေ့ကြတော့လည်းမင်းတို့နှစ်ယောက်ကိုသဘောမတူကြဘူး"
New က
"အင်း..ငါလည်းအဲ့လို့ပဲ ကြားတယ်"
New မျက်နှာမှာပြုံးနေပင်မဲ့ရင်ထဲမှာအရမ်းခံစားနေရတာလေ၊ဒါပင်မဲ့ bright ပျော်နေတာကြည့်ပြီးသူခံစားချက်တွေကိုထုတ်မပြောပဲ နောက်ဆုတ်ပေးလိုက်တယ်၊ဒီအတိုင်းသူငယ် ချင်းအဖြစ်နဲ့ပဲနေတော့မယ်ပေါ့
Men က
"ဘာပဲဖြစ်ဖြစ်မင်းတို့နှစ်ယောက်လုံးအတွက်၀မ်းသာပါတယ်၊ငါဆိုအခုထိငါချစ်တဲ့လူကိုဖွင့်မပြောရဲသေး ဘူး"