ဦးလေး Zin ကဂျပန်ကို ဒီနေ့ပဲထွက်ခွာသွားပါပြီ၊win ရယ် bright ရယ် အန်တီ Pi နဲ့ ki ရယ်တို့လိုက်ပို့ကြတယ်၊ဦးလေး Zin ကိုလေဆိပ် လိုက်ပို့ပြီး win နဲ့ bright ကအလုပ်ရှိသေးတာမို့ နှုတ်ဆက်ပြီးအလုပ်ဆီ တန်းလာကြတယ်၊win က fong နဲ့ကြေညာရိုက်ပြီးပြီမို့ bright ကိုရုံလိုက်ပို့ပြီး တစ်ခြားလက်ခံထားတဲ့ ကြေညာတွေရိုက်ဖို့သွားနေရတယ်၊bright ကလည်းအကို king ရဲ့ brand အသစ်အတွက် အလုပ်တွေရှုပ်နေတယ်၊အမ one ကတော့နေကောင်းသွားပြီမို့ bright က win အတွက်စိတ်အေးသွားရပါပြီ..........
အားလုံး...ကိုယ်ဆီအလုပ်ရှုပ်နေကြပင်မဲ့ တစ်ယောက်သောသူကတော့ သူချစ်ရတဲ့ကောင်းလေးဆီက အချစ်ကိုရဖို့ ကြိုးပန်နေရှာပါတယ်၊အဲ့ဒီသူကတစ်ခြားသူတော့ မဟုတ်ပါဘူး ......ပင်တိုင်အလွဲကျော်ကြီး အကို tay ပါပဲဗျာ၊တစ်ရုံးလုံး အကို king ရဲ့ brand အတွက်အလုပ်ရှုပ်နေတာကို အခွင့်ကောင်းယူကာ new ကြိုက်တဲ့အအေးနဲ့ကိတ်တွေ ဝယ်လာပြီးအီစီကလိ လုပ်နေပါတယ်၊နေတိုင်းလာပြီး သူအသင်းသားကို ဝိတ်တက်စေမဲ့ အစားအသောက်တွေ လာလာကျွေးနေတာမို့ tay ရဲ့စီနီယာလည်းဖြစ်တဲ့ နည်းပြကြီးက tay ကိုအတင်းနှင်ထုတ်နေရတယ်
"Tay မင်း...ငါအသင်းသားကို လာပျက်စီးနေတာပဲ"
"အဲ့လိုမဟုတ်ပါဘူး အကိုရာ၊သူကြိုက်တက်တာလေးတွေ ဝယ်လာပေးတာပါ"
"new ကြိုက်တာတော့ ငါသိတယ်လေ၊ဒါပင်မဲ့ဒါတွေကအရမ်းဝိတ်တက်တာ ငါ new ကိုဘယ်လိုလေ့ကျင်ပေးခဲ့ရလည်းဆိုတာ မင်းလည်းသိရဲ့သားနဲ့ကွာ"
tay လည်းနည်းပြကို ရှင်းပြဖို့တစ်နေရာကို ခေါ်သွားတယ်
"မင်း အခုတလော ဘာဖြစ်နေတာလဲ၊အရင်ကဆို new ကိုအဲ့လောက်...အလိုမလိုက်ပါဘူး"
"ကျွန်တော်..အကို့ကို ဘယ်လိုရှင်းပြရမလည်းတောင်မသိတော့ဘူး"
"ဘာလဲ...မင်း new ကိုလိုက်နေတာလား"
"အကို သိနေတာပဲ၊ကျွန်တော် မရှင်းပြတက်တာနဲ့ အတော်ပဲဖြစ်သွားပြီ"
"ငါကောင်ရာ..မင်း အခုလိုအမြင်မှန် ရသင်နေတာကြာပြီကွ"
"အကိုပြောတာက ကျွန်တော်သူငယ်ချင်း king ပြောနေကြစကားလိုပဲ"