Bright ကမျက်နှာပျက်သွားတယ်
"ဟုတ်လား"
"ဘာလည်းမင်းပဲ kiss ကိုမကြိုက်ဘူးဆို"
"ဟုတ်ပါတယ်ငါကမင်း kiss ကိုစိတ်၀င်စားတယ်ဆိုလို့အံသြသွားတာ၊kiss ကိုဖုန်းဆက်ကြည့်လေဘယ်တော့လာခေါ်ရမလည်းလို့"
"အေးဟုတ်တယ်ငါအခုပဲဆက်လိုက်မယ်"
Bright နဲ့စကားပြောပြီး win က kiss ဆီဖုန်းဆက်၊brightစိတ်မကောင်းဖြစ်နေတာမျက်နှာမှာအတိုင်းသားပေါ်နေ၊win က
"ဟဲလို kiss လား"
"အေး win ပြော"
"ငါတို့ဘယ်ချိန်လာခေါ်ရမလည်း"
"ဘာလည်း bright လည်းရောက်နေပြီလား"
"အေးဟုတ်တယ်ငါဘေးနားမှာ"
"အေးပါငါရအောင်ထွက်ခဲ့မယ်နင်တို့ငါအိမ်ရှေ့ ကစောင့်နေ"
"အေးငါခုထွက်လာပြီ"
kiss နဲ့ဖုန်းပြောပြီး win က
"Bright ငါတို့ kiss ဆီသွားမယ်"
"ဘာတဲ့လည်း kiss ကထွက်လာပြီတဲ့လား"
"ထွက်လာနေပြီတဲ့ငါတို့ kiss အိမ်ရှေ့ကသွားစောင့်ရမှာ"
Win တို့ taxi စီးပြီး kiss ဆီသွား၊bright ကတော့တစ်လမ်းလုံးမျက်နှာမကောင်းဘူးမှိုင်းနေတယ်၊kiss တို့အိမ်ရှေ့ရောက်တော့ win တို့ဆင်း taxi ခပေးပြီး kiss တို့အိမ်ရှေ့မှ
စောင့်နေkiss ကလည်း bright ပါလိုက်လာတယ်ဆိုပြီးအလှဆုံးပြင်နေတာ၊ပန်းရောင်ဂါ၀န်လေးနဲ့မျက်နှာမှာလည်းပါးနီကိုပန်းနုရောင်လေးချယ်နှုတ်ခမ်းနီကိုလည်းပန်းဆီရောင်လေးဆိုးထား၊ဆံပင်ကိုတော့ချထားတယ်၊ဖိနပ်အဖြူရောင်ဒေါင်မြင့်လေးကိုကိုင်ပြီးအိမ်ကလူတွေမသိအောင်ခိုးထွက်လာအိမ်အပြင်လည်းရောက်ရော့ဒေါင်မြင့်ဖိနပ်လေးကိုစီးပြီးလမ်းလျှောက်လာ၊kiss ထွက်လာတာကို win လည်းမြင်သွားရော့
"လှလိုက်တာကွာနတ်သမီးလေးမိုးပေါ်ကကျလာသလားမှတ်ရတယ်"
"အဲ့လောက်လည်းမဟုတ်ပါဘူးကွာမင်းကလည်းပိုကိုပိုတယ်"
"မဟုတ်လို့လားဒီလောက်လှတာကွာမင်းသာမမြင်မရှိတာ"
"ဟုတ်တယ်ငါကအဝေးမှုန့်နေတာ"
