မနက်ရောက်တော့ tay တို့ တစ်ဖွဲ့လုံးမြို့ထဲကိုလျှောက်လည်ကြ၊စျေးဆိုင်ရောက်တော့အိမ်အပြန်လက်ဆောင်လေးတွေ၀င်၀ယ်ကြ၊win လည်းလက်ဆောင်တွေ၀ယ်နေ
လျှောက်လည်ပြီးတော့ဟိုတယ်ကိုပြန်လာ၊နေလယ်ကြထမင်းစားကြပြီးအခန်း ထဲပြန်ပြီးနား၊win နိုးလာတော့ကမ်းခြေမှာအုန်းရည်သောက်ပြီးပင်လယ်ရဲ့အလှတရားကိုခံစားနေ၊နေခင်း ကြရေဆင်းကူးကြ၊tay က
"ငါတို့ညကြရင်ပြန်မှာရေအ၀ကူးထားကြ"
"ဟုတ်ကဲ့"
သူငယ်ချင်းတွေဓာတ်ပုံစု ရိုက်ကြ၊tay တို့ကရေကူးနေ၊win ကသူငယ်ချင်းတွေနဲ့ဘောလီဘောကစားနေ၊phuak က new ရေကူးနေ
တာတွေ့သွား"ငါရေဆင်းကူးတော့မယ်"
"ဒီမှာကစားလို့မပြီးသေးဘူးလေ"
"Bright ငါအစားလာကစားပေးပါလား၊ငါရေကူးချင်လို့၊လုပ်ပါ.."
"အေးအေး.."
Bright က phuak အစားကစားပေး၊အဲ့တော့ win ရယ် bright ရယ်ကတစ်ဖွဲ့၊ဟိုဘက်က men ရယ် fong ရယ်အကြိတ်အနယ်ကစားနေ၊နောက်ဆုံး win တို့နိုင်သွား၊win က bright ကိုဖက်ပြီး
"ငါတို့နိုင်ပြီကွ"
Bright ကလည်း win ခါးကိုဖက်လိုက်၊win ကရေကူးဖို့သွားမယ်လုပ်တော့ bright ကမလွတ်ဘူး
"နောက်ဆုံးအနေနဲ့ငါကိုဒီတိုင်းလေးခဏလောက်နေခွင့်ပေးပါ"
Win လည်းငြိမ်ငြိမ်လေးရပ်နေ၊bright လည်းတော်တော်လေးကြာတော့ win ကိုလွတ်ပေး၊win တို့ရေဆင်းကူးကြ၊ညနေရောက်တော့
အားလုံးနီးပါးကမ်းပေါ်ပြန်တက်ပြီးအခန်းထဲ၀င်သွား ကြ၊new ကရေကူးလို့ကောင်းတုန်း၊tay ကကမ်းပေါ်တက်ပြီးအုန်းရည်သောက်နေခဏကြာတော့ new ခြေထောက်ကြွက်တက်လာပြီးရေပေါ်ပေါ်လိုက်မပေါ် လိုက်ဖြစ်နေ၊tay ကတွေ့သွားပြီးဆင်းကယ်၊new ကိုရေထဲကသယ်လာပြီးကမ်း စပ်မှာချလိုက်၊new သတိမရသေး တာနဲ့နှလုံးကိုလက်နဲ့ဖိနေ၊သတိမရလာတဲ့အဆုံး
Tay က new ပါးစပ်ထဲကိုလေမှုတ်ထည့်၊သုံးခါလောက်မှ new သတိရလာ၊Tay က"New သတိရလားပြီလား"
"ဟုတ်အကို tay"
"ထလို့ရလား၊အကိုထူပေးရအုန်းမလား"