(Part - 2)အပိုင်း - ၅

94 6 0
                                    

Bright ဂီတာတီးပြီးအိမ်ပြန်ပို့လုပ်တော့အမေဆီ
ကဖုန်းလာ

"ဟဲလို...သား"

"ဟုတ်အမေ"

"သားပြန်လာပြီလား"

"အခုပဲပြန်ဖို့လုပ်နေတာအမေ"

"သားအိမ်အပြန်အမေကိုအသီးအနှံလေးတွေ ၀ယ်လာပေးလို့ရမလား"

"ဟုတ်ရတယ်လေ၊အမေ ဘာစားချင်လည်း"

"သားအဆင်ပြေတာ၀ယ်ခဲ့လေ"

"ဟုတ်အမေ"

"အိမ်ရောက်မှာတွေ့မယ်နော်သား"

"ဟုတ်အမေဒါပဲနော်"

Bright ကအမေအတွက်အသီး၀ယ်ဖို့စျေးကိုသွား၊စျေးသွားပြီးအသီးအနှံစျေးတန်းကိုရောက်တော့ဘာ၀ယ်ရမလည်းစဉ်းစားပြီးတစ်ဆိုင်ပြီးတစ်ဆိုင်လိုက်ကြည့်၊win ကလည်းစျေးကို
ရောက်လာပြီးအသီးတွေ ၀ယ်နေ၊bright ကအသီးတွေ၀ယ်ဖို့ကြည့်နေရင်း win ကိုတွေ့သွားတယ်

*Win ဒီကိုဘာလာလုပ်တာလည်းမသိဘူး၊လက်ထဲမှာလည်းအသီးတွေနဲ့ ငါစကားသွားပြောလိုက်ရင်ကောင်းမလား၊တော့ပါပြီမပြောတော့ပါဘူး၊ဒီအတိုင်းလေးအဝေးကကြည့်နေတာပဲကောင်းပါတယ်*

Bright က win ကိုမလှမ်းမကမ်းကနေကြည့်နေ၊win ကအသီးနဲ့အအေးတွေ၀ယ်ပြီးဆိုင်ကယ်နဲ့ပြန်လာ၊Bright လည်းအသီးတွေဝယ်​ပြီးအိမ်ပြန်လာ

"အမေ....သားပြန်လာပြီ"

"အေးသားမောနေပြီလား၊သမီးရေကိုကြီးကိုရေအေးလေးတိုက်လိုက်ပါအုန်း"

"ဟုတ်အမေ"

Riki က bright အတွက်ရေတစ်ခွက်ခပ်လာ

"ကိုကြီးရပြီ"

"အေးကျေးဇူးပဲ၊ညီမလေး"

"သမီးအသီးတွေရေခဲသေတ္တာထဲထည့်လိုက်အုန်း"

"ဟုတ်"

"သားရေသောက်ပြီးရင်ရေချိုးလိုက်၊အမေထမင်းပွဲပြင်ထားလိုက်မယ်"

"ဟုတ်အမေ"

Bright အမောပြေပြီးရေသွားချိုး၊ရေချိုးအ၀တ်စားလဲပြီးအမေကိုဝိုင်းကူဖို့မီးဖိုချောင်းကို၀င်လာ

"အမေသားဘာကူပေးရ အုန်းမလဲ"

"အမေကိုဒီဟင်းလေးအပေါ့အငန်မြည်းပေးအုန်း"

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now