Win သတိရလာတော့ bright ကလူနာကုတင်နားမှာ win လက်ကလေးကိုင်ပြီးစိတ်ပူနေတယ်၊win ကသတိရလာပြီမို့ သူလက်ကိုကိုင်ထားတဲ့ bright လက်ကလေးကိုဆုပ်ကိုင်လိုက်တယ်
"Win သတိရလာပြီလား၊သက်သာရဲ့လား"
"အင်း..."
"အသက်ရှူလိူ့ရောရရဲ့လား"
"အင်း..."
Win ကစကားသိပ်မပြောနိုင်သေးဘူး၊ခဏကြာတော့ tay တို့ရောက်လာကြတယ်၊king က win ကို
"Win သက်သာလာပြီလား"
Win ကုတင်ပေါ်မှာထိုင်လိုက်ပြီး....
"သက်သာပါပြီ၊ဘာမှစိတ်မပူပါနဲ့"
Tay က
"အကိုတောင်းပန်ပါတယ် win ရယ်၊အကိုကြောင့်အခုလို့ဖြစ်ရတာ"
"မဟုတ်ပါဘူးအကိုရယ်၊ပုဇွန်စိမ်းနဲ့ဓာတ်မတည့်တာ ကိုမသိဘဲစားလိုက်မိလို့ပါ၊ကိုယ်ကိုကိုယ်ဘာနဲ့ဓာတ်မတည့်လို့ မတည့်မှန်းတောင်မသိဘူး"
"ဒါပင်မဲ့ bright ကသိနေတယ်လေ၊အဲ့ဒါကြောင့်ညီ ကိုအချိန်မိကယ်နိုင်တာပေါ့၊bright ညီကိုကျေးဇူးများကြီးတင်ပါတယ်"
Tay ပထမက bright ကိုသိပ်ကြည်တာမဟုတ်ဘူး၊အခုတော့ bright က tay ရဲ့အသက်သခင်ကျေးဇူး ရှင်လို့ဖြစ်သွားပါပြီ၊ဘာလို့ဆို tay က win ကိုသူအသက်လောက်ချစ်တာမို့လို့ပါ၊bright က tay ကို......
"ရပါတယ်အကို tay"
King က
"Win သက်သာတယ်ဆို ငါတို့ပြန်ကြတော့မလား"
"အင်း...မနက်ဖြန်ရုံတက်ရအုန်းမယ်"
Win က
"ကျွန်တော်အထုတ်အပိုးတွေရော"
Fong က
"မပူပါနဲ့ကွာငါတို့အကုန်ယူလာတယ်"
King က
"အလာတုန်းကငါမောင်းလာတာမို့ အပြန်တော့ငါမမောင်းနိုင်တော့ဘူး"
Phuak က
"ရတယ်အကို king၊ကျွန်တော်မောင်းပေးမယ်"
"Phuak မောင်းပေးမို့လား၊ကျေးဇူးပါပဲကွာ"
Men က
"အကို tay ကားသော့ပေး ကျွန်တော်မောင်းပေးမယ်"
"အင်း...ရော"