Bright ပါတီကနေအိမ်ကိုပြန်လာ၊အိမ်ရောက်တော့အခန်းထဲတန်းဝင်ပြီး အဝတ်အစားတွေလှဲနေ၊နောက်သိပ်မကြာဘူး fong တို့က taxi ငှားပြီးရောက်လာကြ၊fong ကတံခါးခေါက်တော့ ki ကတံခါးလာဖွင့်ပေးနေ
"Ki... bright ရော့"
"အကို..သူအခန်းထဲဝင်သွားတယ်"
Fong တို့က bright အခန်းထဲရောက်လာပြီးဘာစကားမှမပြောဘဲ fong က bright ကိုဆွဲထိုးလိုက်တယ်၊fong က
"မင်းဘာလုပ်နေတာလဲ"
Men က
"အေးဆေးစကားနဲ့ပဲပြောပါ"
Bright က
"ရတယ် men သူထိုးပါစေ"
Fong က
"မင််းတို့ အရင်လိုအဆင်ပြေကြ တော့မှာကိုတွေးရင်းငါမှတော့ ပျော်နေလိုက်ရတာ"
Bright က
"ငါလည်းအဲ့လိုဘယ် ဖြစ်ချင်ပါမလည်းကွာ"
Fong က
"မင်းသိလား..ငါမှတော့မင်းတို့ အချစ်ကိုအချစ်စစ်အချစ်မှန်လိုထင်ခဲ့တာ၊ဘာလိုဆိုဒီနေ့ win ကမင်းကိုသူရင်ထဲမှာရှိတာတွေ ဖွင့်ပြောမလို့တဲ့"
Bright တစ်ယောက်ရှော့ အကြီးအကျယ်ရသွားတယ်၊bright က
"မင်းဘာပြောလိုက်တယ် fong ...win အတိတ်ကိုပြန်မှတ်မိသွားတာလား"
Fong က
"သူအတိတ်ကိုပြန်မှတ်မိ သွားတယ်ဆိုရင်တောင်ငါတို့အဲ့လောက် အံသြနေမှာမဟုတ်ဘူး၊အခုဟာကသူဦးနှောက်ကမင်းကို မမှတ်မိတာတောင်သူနှလုံးသား
ကမင်းကိုထပ်ပြီးချစ်မိသွားလိုပဲ"Bright မျက်ရည်တွေကျလာတယ်၊win အပေါ်သူသိပ်ရက်စက်ရာ ရောက်သွားပြီ၊ဘာလိုဆို win ကသူကိုမမှတ်မိတာတောင် သူကိုထပ်ပြီးချစ်သွားလို့လေ၊riki ကအခန်းထဲမှာပြသာနာ တက်နေတာသိပင်မဲ့အထဲမဝင်ရဲ့လို့ win ကို line ကနေစာပို့နေ၊win ကဖုန်းအားကုန်နေလို့ ki စာတွေပို့တာမသိလိုက်ဘူး၊အခု tay က win ကိုအိမ်ပြန်ပို့ပေးနေတာပါ၊fong က bright ကို
"မင်း kane နဲ့လက်ထပ်မယ် ဆိုရင်လည်းဘာလို့ win ကိုမျှော်လင့်ချက်တွေပေးနေသေးတာလဲ၊ဘာလည်းမင်းငါသူငယ်ချင်းကို လက်စားချေချင်တာလား"