Win ကအိမ်မှာတမှိုင်မှိုင်တွေတွေနဲ့အစားလည်းသိပ်မစား ဘူး၊သူ bright ကိုပဲသတိရနေ၊Win အဖေကသတိထားမိတယ်၊သူသားဟိုမှာရည်းစားရနေပြီပေါ့၊ဒီလိုနဲ့တစ်ရက်ပြီးတစ်ရက် Tay ဆီမှာဂီတာတီးသင်လာလိုက်တာမကြာခင်
ကျောင်းတောင်ပြန်ဖွင့်တော့မယ်ကျောင်းတွေပြန်ဖွင့်
Win ကဒုတိယနှစ်တက်ဖို့ဘန်ကောက်ကိုပြန်လာ၊win ကအရင်လိုပဲသူငယ်ချင်းတွေနဲ့အဆောင်နေပြီကျောင်းတက်၊win တို့မနက်ပိုင်းမှာစာသင်၊နေလယ်သူငယ်ချင်းတွေနဲ့ထမင်းစား၊win ကရေကူးကလပ်ကိုမသွားချင်တော့ဘူး၊သွားရင် kiss နဲ့တွေရအုန်းမယ်ပြီးတော့ Chit လည်းရှိတယ်၊သူဘယ်လို့လုပ်ရမလည်းမသိဖြစ်နေ
"ငါကလပ်ကိုသွားရင်ကောင်းမလား၊မသွားရင်ကောင်းမလား"
Win စဉ်းစားရင်းလမ်းလျှောက်လာ Tay နဲ့တွေ့၊win က Tay ကိုမမြင်ပဲကျော်သွား Tay က
"Win ငါတောင်မမြင်ပဲဘာတွေစဉ်းစားနေတာလည်း"
"ဘာမှမဟုတ်ပါဘူးအကိုရာ"
"မင်းကလပ်မသွားဘူးလား"
"အခုပဲသွားမလို့"
"မင်းကလပ်ကိုမသွားချင်ဘူးမှတ်လား"
"အကိုဘယ်လို့လုပ်သိလည်း"
"မင်းမျက်နှာပေါ်မှအတိုင်းသားမြင်နေရတယ်"
"အင်း.."
"ငါကလပ်ထဲလာမလား"
"အမ်း.."
"ငါတို့ကလပ်ဒီနေ့လူသစ်တွေလက်ခံနေတယ်၊ငါကလပ်ကိုလာရင်ငါမင်းကိုဂီတာတီးထပ်သင်ပေးနိုင်တာပေါ့"
"ဟုတ်ကဲ့"
"ဘယ်လို့လည်းလာမှာလား"
Win က kiss နဲ့မျက်နှာချင်းမဆိုင်ချင်တာနဲ့ Tay ပြောတာကိုလက်ခံလိုက်၊ဒါပင်မဲ့ win မေ့တာတစ်ခုရှိတယ်၊အဲ့တာကဂီတအသင်းထဲမှ bright ရှိနေတယ်ဆိုတာပဲ
(တမင်သိလို့ပဲ၀င်လိုက်တာများ လား)
Tay က win ကိုသူကလပ်ထဲခေါ်လာ၊အဲ့မှ bright မရှိဘူး၊Win ကဂီတအသင်းထဲမှာလူသစ်တွေနဲ့ဂီတာတီးလေကျင့်၊Tay က win ကိုအနီးကပ်သင်ပေး၊win ကျောင်းဆင်းတော့အဆောင်ပြန်လာရေမိုးချိုး၊ထ မင်းစား၊ဂီတာတီးလေကျင့်