ဆေးရုံကားရောက်လာပြီး win ကိုဆေးရုံးခေါ်သွားဖို့ပြင်လိုက်သည်။
နောက်ပြီး သိပ်မကြာပါဘူး kane အဖေရောက်လာပြီးသူသားရဲ့နောက်ဆုံးထွက်သက်လေးတောင် မမီလိုက်တော့လို့ ဝမ်းနည်းပက်လက်နဲ့ငိုကြွေးနေရှာတယ်၊ဒါတွေအားလုံးကလည်း သူသားရဲ့အပြစ်တွေပဲမို့ ဘယ်သူကိုများအပြစ်တင်နိုင်အုန်းမှာလည်းကွယ်..........
"သားလေးရယ် အဖေကိုစကားတွေပြောပြအုန်းကွာ၊အဖေသားကို အရမ်းတွေအလိုလိုက်ခဲ့မိတာပဲ၊အဖေနဲ့သားနဲ့နှစ်ယောက်ပဲရှိတာ ဒီလောကကြီးမှာ သားမရှိပဲ အဖေဘယ်လိုမျိုးနေရမှာလည်းကွာ....သား...သားလေး"
ရဲတွေလည်း လူဆိုးတွေကိုဖမ်းမိသွားပါပြီ၊bright လည်း kane နောက်ဆုံးပြောခဲ့တဲ့စကားလေးကို kane အဖေကိုပြောရင်း win ရှိတဲ့ဆေးရုံကိုလိုက်သွားပါပြီ၊နောက် fong တို့ကရဲစခန်းလိုက်သွားပြီး ပြသာနာတွေကို ဖြေးရှင်းနေရတယ်၊လူမိုက်တွေက win ကိုသတ်ရန်ကြံစည်မှု bright ကိုပြန်ပေးဆွဲမှု kane ကိုသတ်မှုနဲ့ ထောင်နန်းစံရတော့မှာပါ
လူမိုက်တွေကသူတို့ kane ကိုသတ်တဲ့အမှုနဲ့ bright ကိုပြန်ပေးဆွဲတဲ့အမှုကိုဝန်ခံခဲ့ပင်မဲ့ win ကိုသတ်ရန်ကြံစည်မှုကိုတော့ သေသွားတဲ့ kane ကိုအပြစ်တွေလွှဲချနေပါတယ်၊သူတို့က kane ခိုင်းလို့လုပ်ရတာပါဆိုပြီးရဲတွေကိုပြောနေတယ်၊fong တို့လည်းရဲစခန်းကပြသာနာတွေဖြေရှင်းနေရလို့ win နဲ့ bright ကိုဆေးရုံမှာလိုက်မစောင့်ပေးနိုင့်တော့ပြီ၊win ကတော့သတိမရသေးပါဘူး၊bright ကတော့လက်မောင်းက ဒဏ်ရာကြီးကိုပတ်တီးစည်းထားပြီး တစ်ညလုံးမအိပ်နိုင်ဘဲ win ဘေးနားမှာ တစ်ယောက်ထဲအတွေးပေါင်းစုံတွေး နေမိတော့သည်။
မနက်ရောက်တော့ဦးလေး Zin ဆေးရုံလာစောင့်ပေးလို့ bright ကဆေးရုံကနေပြန်လာပြီး ချင်းမိုင်ကအိမ်ကိုထွက်သွားတယ်၊fong တို့ဆေးရုံကိုရောက်တော့ win ကိုပဲတွေ့ပြီး bright ကိုဆေးရုံမှာမတွေ့တော့လို့ သတင်းမေးဖို့ bright အမေဆီရောက်လာကြသည်၊အိမ်ရောက်တော့ bright ကိုမတွေ့ပဲအန်တီ Pi ရယ်ညီမလေး riki ရယ်ပဲတွေ့တယ်
"သားတို့လူစုံတက်စုံပါလား"
"ဟုတ်အန်တီ၊bright ကိုဆေးရုံမှာမတွေ့တော့လို့ သတင်းလာမေးတာ"