(Part - 2)အပိုင်း - ၆၅

75 2 5
                                    

win က bright နဲ့အတူနေဖို့ ဦးလေး Zin ဆီမှာခွင့်တောင်းနေပါတယ်

"အဖေ သားကိုတိုက်ခန်းသော့လေး ပေးလို့ရလား"

"ဘာလုပ်မို့လည်းသား.."

"သား အဲ့တိုက်ခန်းမှာပြောင်းနေချင်လို့ပါ"

ဦးလေး Zin က win အတိတ်ကိုပြန်မှတ်မိသွားပြီထင်ပြီးပျော်သွားလေသည်။

"သား အတိတ်ကိုပြန်မှတ်မိနေပြီလား"

"မမှတ်မိသေးပါဘူး အဖေ"

"သား အဲ့မှာတစ်ယောက်ထဲနေလို့ ဖြစ်ပမလား၊အဖေစိတ်မချဘူး"

"သား တစ်ယောက်ထဲမနေပါဘူး၊သား....bright နဲ့အတူနေမလို့ပါ၊အဖေခွင့်ပြုတယ် မှတ်လားရင့်"

ဦးလေး Zin က win ကိုကြည့်ပြီးပြုံးနေရှာတယ်၊win ပျော်နေတာလေးကိုကြည့်ပြီး bright နဲ့အတူနေဖို့ခွင့်ပြုပေးလိုက်လေတော့သည်။

"အင်းပါ..အဖေခွင့်ပြုပါတယ်၊တစ်လတစ်ခါတော့အဖေဆီလာလည်အုန်းပေါ့ကွာ"

"စိတ်ချပါ အဖေ... သား လာလည်ပါမယ်၊အဖေတစ်ယောက်ထဲအားငယ်မနေပါနဲ့ ညီလေး wi လည်းကျောင်းပြီးတော့မှာလေ"

"ဟုတ်သားပဲ...အဖေလည်း သားလေး wi ကိုမတွေ့တာ​တောင်ကြာပြီ၊ကျောင်းလည်းပြီးတော့မှာဆိုတော့ သားလေး wi ဆီလိုက်သွားအုန်းမှာပါ"

"​ဟုတ်အဖေ"

"အဖေတို့သားဖနှစ်ယောက် ဂျပန်ကနေပြန်မလာခင် သားတို့လည်းလိုက်ခဲ့ကြလေ၊ဟန်နီးမွန်းခရီးစဥ်အဖြစ်သဘောထားလိုက်... ပြီးမှတို့သားဖတွေအတူတူပြန်လာကြတာပေါ့"

"ဟုတ်ကဲ့ပါ အဖေ... အဲ့လိုပဲလုပ်လိုက်ပါမယ်၊အဖေကို ကျေးဇူးအများကြီးတင်ပါတယ် ပြီးတော့အရမ်းလည်းချစ်တယ်"

win ကအဖေကိုချစ်တယ်လို့ပြောပြီး ရှက်လို့ထထွက်လာတယ်၊ဦးလေး Zin က win ထွက်သွားတာကိုကြည့်ပြီး ပြုံးပြုံးကြီးနဲ့ကျန်ခဲ့လေသည်။

*ကောင်းလေး အဖေကိုချစ်တယ်လို့ ပြောတာကြရှက်နေတယ်၊သူကောင်းလေးနဲ့ တီတီတာတာပြောနေတာကြတော့မရှက်ဘူး၊သားတို့အချစ်ရေးသာယာဖြောင့်ဖြူးပါစေကွာ*

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now