(Bright ရူးကြောင်ကြောင်အလုပ် တွေဆက်မလုပ်တော့ပဲ သူဘဝရှေ့ရေးအတွက် ခိုင်မာတဲ့ဆုံးဖြတ် ချက်တစ်ခုကိုချခဲ့တယ်၊သူပညာတော်သင်တက်ဖို့ နိုင်ငံခြားကိုသွားတော့မှာပါ၊အဲ့လိုမှာလည်းသူ win ကိုမေ့နိုင်မယ်ထင်တယ်)
Bright တစ်ယောက် သူငယ်ချင်းတွေနဲ့စကားပြောပြီး အမေအိမ်ကိုပြန်လာ၊အန်တီကတော့ bright ပြန်လာလို့ ဝမ်းသာအားရကြိုနေ
"သားပြန်လာပြီလား"
"ဟုတ်အမေ"
"အကို...အကို win ရောမပါဘူးလား"
Riki ကိုဒီအကြောင်းတွေ မပြောပြရသေးဘူးလေ
"အင်း...မပါလာဘူး ညီမလေး"
"အကိုပြောတော့ မဂ်လာဆောင်ပြီးနောက်နေ့ နိုင်ငံခြားသွားမှာဆို၊အခုတော့အကို win နဲ့ဟန်နီးမွန်းထွက်ပြီးပြန်လာတယ်ပေါ့"
Bright တစ်ယောက် ki ကိုဘယ်လိုပြောရမလည်းမသိဖြစ်နေ
"Ki သမီးအကိုကအခုမှ ပြန်လာတာလေ၊နားပါစေအုန်း"
"ဟုတ်...."
"အမေ...သားအမေနဲ့နှစ်ယောက် ထဲစကားပြောချင်တယ်"
"ဘာလဲနှစ်ယောက်ထဲ ဘာပြောကြမလို့လဲ၊ki ကိုတစ်ခုခုဖုံးကွယ်ထားသလိုပဲနော်"
"အဲ့လိုမဟုတ်ပါဘူး သမီးရယ်၊လာ...သား အမေအခန်းထဲမှာ ပြောကြတာပေါ့"
အန်တီ နဲ့ bright အခန်းထဲဝင်ပြီး တံခါးလော့ပါချထားတယ်
"အကိုတို့များအိမ်ထောင် ကျသွားတာတောင် အမေကိုကပ်ပြီးချွဲနေတုန်းပဲ၊ကြည့်ရတာ အကိုဟိုကိုမသွားချင်လို့ အမေကိုတောင်းပန်နေတာပဲဖြစ်မယ်၊အကိုတို့များနော် မခွဲနိုင်မခွာရပ် ဖြစ်နေလိုက်ကြတာ ဟွင်း.....ပိုကိုပိုလွန်းတယ်"
Bright ကသူဆုံးဖြတ်ထားတာကို အန်တီကိုပြောနေ
"အမေ သားပညာတော်သင်သွားတော့မယ်"
"ရုတ်တရပ်ကြီး ဘယ်လိုဖြစ်ရတာလဲ သားရယ်"
"သားဆုံးဖြတ်ပြီးသွားပြီ အမေ"
"ဒါပင်မဲ့ဟိုမှာ သားတစ်ယောက်ထဲ အဆင်ပြေပါမလား"
"အဆင်ပြေသွားမှာပါ၊ဟိုမှာ kane လည်းရှိနေတာပဲလေ ပြီးတော့အကုန်လုံးလည်း စီစဥ်ပြီးနေပြီ"