အပိုင်း - ၇

160 15 0
                                    

Win အိမ်ရောက်တော့ရေမိုးချိုးစာကျက်၊အဖေနဲ့ညစာစားပြီး မအိပ်သေးဘဲလိုင်းသုံး၊ကျောင်းသူတွေက win နဲ့ bright ကိုဘာလိုလို့ထင်ပြီး(IG) မှာပုံတွေတင်ထား၊bright ခြေထောက်နာလို့ win က bright ကိုကျောပိုးပြီးဆေးခန်းလိုက်ပို့တဲ့ပုံ၊
Bright က win နောက်ကထိုင်ပြီးအိမ်ပြန်တဲ့ပုံ၊win က bright အိမ်ကိုလာတဲ့ပုံ၊bright က win အိမ်ပြန်တော့နှုတ်ဆက်တဲ့ပုံ၊win ကဒီပုံတွေတွေ့ပြီးစိတ်တွေညစ်​​​ပြီးဘာလုပ်ရမှန်းမသိဖြစ်နေ

မနက်ရောက်

Win က bright ကိုလာမကြိုတော့ဘဲကျောင်းကိုတန်းသွား၊bright က win လာကြိုမယ်ထင်ပြီးစောင့်နေတာ၊နောက်ကျနေတော့ taxi စီးပြီးကျောင်းကိုလာ၊ကျောင်းအဝရောက်တော့ win ကိုတွေ့သွားတယ်

Bright - မင်းဘာလို့ငါဆီမလာတာလည်း

Win - မလာတာပါကောင်းပါတယ်ကွာငါသွားတော့မယ်

Bright - ဒီကောင်ဘာဖြစ်နေတာလည်း

ကျောင်းအခန်းထဲရောက်

Bright - မင်းကိုမနေ့ကပြန်ခိုင်းလို့စိတ်ဆိုးနေတာလား

Win - မဟုတ်ပါဘူး

Bright - ရော့မင်းအိမ်စာစာအုပ်....

Win - ကျေးဇူးပဲ

ဆရာမက bright ကျောင်းပြန်တက်တော့ဘောလုံးပွဲအတွက် bright အစားလူတစ်ယောက်ထဲဖို့လိုနေ၊အဲ့အချိန်......

Win - ကျွန်တော်ပါချင်ပါတယ်ခင်ဗျာ

ဆရာမ - သားတကယ်ပါမှာလား

Win - ဟုတ်...ကျွန်တော်ဘောလုံးကန်ချင်ပါတယ်

ဆရာမ - အေးဟုတ်ပြီ၊စာတော့ပုံမှန်ကျက်နော်

Win - ဟုတ်

ဆရာမ - အင်း..နောက်နေ့ဘောလုံးကွင်းထဲလာခဲ့

Win - ဟုတ်ဆရာမ

စာသင်ပြီးကန်တင်းထိုင် bright က win ကိုသူဆီလာဖို့ခေါ်နေ၊win ကသူဆီမသွားပဲတစ်ခြားဝိုင်းမှာထိုင်လိုက်

Bright - ဒီကောင်ဒီနေ့ဘာဖြစ်နေတာလည်းမသိဘူး

Bright က win ကိုခေါ်တဲ့အချိန်ကန်တင်းကလူတွေသူတို့ကိုဝိုင်းကြည့်နေတာ၊win ကအဲ့တာကိုသိလို့ရှောင်နေတာ၊Bright ကမသိဘူးနောက်မှသတိထားမိပြီးလိုင်းပေါ်ကိုတက်ကြည့်လိုက်တာ၊အဲ့တော့သူတို့အကြောင်းပြောထားတာတွေတွေ့၊အဲ့လို့နဲ့သူ(IG)အကောင့်ထဲမှာ

"Win နဲ့ကျွန်တော်ကအချစ်ဆုံးသူငယ်ချင်း​တွေပါ မင်းတို့ထင်သလို့မဟုတ်ပါဘူး၊ငါတို့ကိုအထင်မလွဲပါနဲ့"

bright ကအဲ့စာတင်ပြီးကန်တင်းကထွက်လာ၊မိန်းကလေးတွေဖုန်းထုတ်ကြည့်ပြီး bright တင်ထားတာတွေ့

(တကယ်တော့ bright ကဒီကျောင်းမှာနာမည် ကြီးလေ၊win ရှင်းတာထက် bright ရှင်းတာကပိုပြီးထိရောက်တယ်)

စာပြန်သင်တော့ win က brght ကိုကျေးဇူးတင်ပြီးအအေးဝယ်တိုက်

Win - ငါဒီကိစ္စကိုဘယ်လို့ဖြေရှင်းရမလည်းမသိဖြစ်နေတာ

Bright - ရပါတယ်မလိုပါဘူး

Win - အေး

Bright - ဒီညနေ့ဘာလုပ်ဖို့ရှိလည်း

Win - မရှိဘူးမင်းဘာလုပ်မလိုလည်း

Bright - ဆရာအိမ်စာပေးလိုက်တာမင်းငါအိမ်လိုက်ပြီးစာလိုက်တွက်မလား

Win - အေးကောင်းတယ်

Bright - စာ​မေးပွဲနီးနေပြီစာလုပ်အုန်း၊ဘောလုံးကြီးပဲ​လေ့ကျင့်မနေနဲ့

Win - အေးပါဒါပင်မဲ့မင်းအစားငါကန်ရမှာလေ၊ငါကနိုင်ချင်တာ

Bright - မနိုင်လည်းဘာမှမဖြစ်ဘူး၊စာမေးပွဲသာအောင်အောင်ကြိုးစား

Win - အေးပါကွာစာကိုလည်းအာရုံစိုက်ပါမယ်

#မူရင်ရေးသားသူ - Khin Gyi
#စာရေးသူ - အလတ်ကောင်

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now