(Part - 2) အပိုင်း - ၁၀

82 6 0
                                    

Bright အိမ်ပြန်ရောက်လို့ taxi ပေါ်ကဆင်းလာ
အမေနဲ့ညီမလေးကအိမ်ရှေ့မှာထွက်စောင့်နေ

"သားပြန်လာပြီလား၊သမီးအကို့ကိုပစ္စည်းတွေသွားသယ်ပေးလိုက်ပါအုန်း"

"ဟုတ်အမေ"

Bright တို့အိမ်ထဲ၀င်လာ၊အမေက bright အတွက်သံပုရာရည်ဖျော်လာ

"သားဒီနှစ်လည်းလက်ဆောင်တွေအများကြီးပါ
လား"

"ဟုတ်တယ်လေအမေရဲ့အကိုကကျောင်းမှာပေါ်ပြူလာပဲဟာကို"

"အေးပါ၊သားနားပြီးရင်လည်းအထဲ၀င်ပြီးရေချိုး လိုက်အမေထမင်းပွဲပြင်ထားမယ်"

"သားထမင်းမစားတော့ဘူး၊အမေကိုသားခွင့်တောင်းစရာရှိတယ်"

"ဘာများလည်းပြောလေ"

"သားသူငယ်ချင်းတွေအဆောင်ဆီမှာသွားနေချင်ပြီးစာကျက်ချင်လို့အဲ့တာအမေခွင့်ပြုပေးပါလား"

"စာမေးပွဲဖြေဖို့ရက်ကလိုသေးတယ်လေသားရဲ့"

"ဟိုမှာနေရင်သားသူငယ်ချင်းကကျောင်းပို့ကျောင်းကြိုလုပ်ပေးမှာပြီးတော့သူငယ်ချင်းတွေနဲ့စာစုကျက်လို့ရတာပေါ့၊လုပ်ပါအမေခွင့်ပြု
ပေးပါ"

အမေကသူသားအကြောင်းသူသိတယ်၊ဟိုမှာနေရင်အမြဲတမ်း win နဲ့တွေ့ရမှာလေ၊အမေကသူသားလေး win နဲ့အဆင်ပြေသွားပြီးလို့ထင်နေတာ၊သားပျော်နေ တာကိုကြည့်ပြီး

"သားသွားချင်လည်းသွားလေ၊ဒါပင်မဲ့အစားအ သောက်ကြတော့၀ယ်စားနေရမှာပေါ့"

"ရပါတယ်အမေရဲ့၀ယ်စားလိုက်မှာပေါ့အမေအခုလို့ခွင့်ပြုပေးလို့ကျေးဇူးတင်ပါတယ်"

"ငါသားပျော်ရင်ပြီးတာပဲ"

Bright အမေဆီကခွင့်ပြု ချက်ရလို့ပျော်နေ၊အခန်းထဲ၀င်ရေမိုးချိုးပြီးအ၀တ်စားတွေထည့်နေ၊ခဏကြာတော့အထုပ်အပိုးပြင်ဆင်ပြီး
အိပ်ရာ၀င်

မနက်ရောက်

Win တို့မနက်ပိုင်းစာသင်၊ဆရာမက

"တပည့်တို့ပျော်ပွဲရွှင်ပွဲတွေလည်းပြီးပြီဆိုတော့စာမေးပွဲအတွက်စာတွေအခုထဲက ကျက်ပြီးအောင်အောင်ဖြေကြပါ"

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now