King ကနေလယ်စာစားပြီး phuak တိုက်ခန်းဆီလာ၊phuak ကအထုတ်အပိုးတွေ တောင်သိမ်းပြီးနေပါပြီ၊king ကအထုတ်အပိုးတွေကားပေါ်တင်ပြီးသူတိုက်ခန်းဆီခေါ်လာ၊king တိုက်ခန်းကိုရောက်တော့အထုတ်အပိုးတွေနေရာချရင်း ညဘက်ရောက်လို့ မှောင်တောင်မှောင်နေပြီ
king က phuak နဲ့သူစားဖို့ညစာသွားဝယ်နေ၊ phuak ကတော့ရေချိုးနေတယ်၊နောက် king ပြန်လာပြီးဝယ်လာတဲ့အစားအစာတွေကိုပန်းကန်ထဲထည့်နေတုန်း phuak ကရေချိုးခန်းထဲကထွက်လာ
"အကို king ပြန်လာပြီလား"
"အင်း၊ညီစားတော့မလား"
"ဟင့်အင်း...အကိုရေချိုးလိုက်လေ၊နောက်မှအတူစားတာပေါ့"
"Ok လေ၊အကိုရေသွားချိုးလိုင်အုန်းမယ်"
King ကအပြင်မှာအဝတ်အစားတွေ ချွတ်ခဲ့ပြီးတဘက်လေးခါးမှာပတ်ရင်း ရေချိုးခန်းထဲဝင်သွား၊phuak က king ကိုစောင့်နေရင်း fong ကို videocall ခေါ်နေ၊ဖြစ်ချင်တော့ fong မဟုတ်ပဲ men ကကိုင်လိုက်
"Phuak ဘာကိစ္စလဲ"
"Fong ရော၊ယ်သွားလဲ"
"ကလေးလား ရေချိုးနေတယ်"
"ဟုတ်လား၊ငါအခုပဲတိုက်ခန်းသစ်ကိုပြောင်းလိုက်ပြီ"
"အရင်ဋ္ဌားနေတဲ့ တိုက်ခန်းကဘာဖြစ်လို့လဲ phuak"
"အဲ့မှာနေရတာအဆင်မပြေဘူး ပြီးတော့တိုက်ခန်းခလည်းစျေးကြီးတယ်"
"အေးပါ၊အခုတိုက်ခန်းကဘယ်လိုလဲ အဆင်ပြေရဲ့လား"
"အင်း...အကျယ်ကြီးပဲပြီးတော့လေ ငါတိုက်ခန်းခကိုတစ်ပြားမှပေးစရာမလိုဘူး"
Phuak ကအခန်းခ မပေးရဘူးဆိုလို့ men ကနားလည်မှုလွဲပြီး phuak ကိုအော်နေ
"ဘာ phuak ၊မင်းဘောစိမတွေဆီက ချူစားနေတာလား"
"မဟုတ်ပါဘူးကွာ၊မင်းကလည်း"
"မင်းပဲအခန်းခပေးစရာမလိုဘူးဆို"
"အော်...အဲ့တာကဒီအခန်းကို အကို king ပိုင်တာလေ၊အကိုကငါကို ဒီမှာလာနေခိုင်းတာ"
"အဲ့လိုလား၊ငါမှမသိတာ မင်းကိုအော်လိုက်မိတာတောင်းပန်ပါတယ်"