(Part - 2)အပိုင်း - ၆၄

28 2 0
                                    

bright တစ်ယောက်အရင်လို့ပဲ ရုံကနေအိမ်ပြန်လာတဲ့လမ်းမှာ အမေဆီကနေဖုန်းဝင်လာလို့ ဆေးရုံကိုချက်ချင်းပဲရောက်လာတယ်

"အမေ ညီမလေးဘာဖြစ်တာလဲ"

"မတည့်တာတွေစားမိပြီး ဗိုက်အောင့်ကိုဆေးရုံလာပြတာ၊ဆရာဝန်က အူအတက်ယောင်တာတဲ့"

"တော်သေးတာပေါ့၊ညီမလေးဘာမှမဖြစ်တာပဲ"

"ဟုတ်တယ်သား...ဆေးရုံကိုမချိန်မိမရောက်ရင် အူအတက်ပေါက်ပြီး ခွဲစိတ်ရမှာလေ"

"အခု..ညီမလေးရော"

"အခုတော့ ဆေးထိုးထားလို့အိပ်နေတယ်၊ဘာတွေများသွားစားလည်း မသိဘူး၊ဒီကလေးမလေးတစ်ယောက်ကတော့"

"အရမ်းကြီးစိတ်မပူပါနဲ့အမေရယ်၊ညီမလေးသက်သာလာမှာပါ"

"အင်း....သားရုံကနေ ဒီကိုတန်းလာတာလား"

"ဟုတ်အမေ"

"အဲ့တာဆိုလည်း အိမ်ပြန်ပြီးနားလိုက်အုန်းလေ၊မနက်ဖြန်ရုံတက်ရမှာမှတ်လား"

"ဟုတ်အမေ၊သားသွားတော့မယ်နော်"

"အင်း...သား"

bright ကအိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီးမအိပ်သေးပဲလိုင်းသုံးနေတယ်၊bright လိုင်းသုံးနေရင်fong က bright ကြည့်ဖို့ page  တစ်ခုကို share ပေးလိုက်တယ်

bright ဝင်ကြည့်​တော့အဲ့ page က winbright ရဲ့အဖွဲ့ခေါင်းဆောင်က တင်ထားတာပါ၊သူက kane က bright ကိုအကြပ်ကိုင်ကြီးမဂ်လာဆောင်ခိုင်းတာရယ်၊bright ကမဂ်လာပွဲကိုမရောက်လာတာက ပြန်ပေးဆွဲခံရလို့ဆိုတာရယ်၊ပြန်ပေးဆွဲတဲ့ကောင်တွေက kane နဲ့ရန်ညိုးရှိလို့ bright ကိုပြန်ပေးဆွဲ

ပြီး ခြိမ်းခြောက်ကြတယ်ဆိုတာရယ်ပြီးတော့အဲ့လူတွေကပဲ kane ကိုသတ်ပစ်လိုက်ကြတယိဆိုပြီး bright ဖြစ်ခဲ့သမျှအရာအားလုံးကို ရှင်းပြထားတယ်၊post အောက်မှာလည်း comment တွေဝင်ရေးထားကြတယ်

"ဟယ်..အဲ့လိုကြီးလား၊အစက bright ကိုစိတ်တိုနေတာလေ၊win ကိုထားသွားလို့ဆိုပြီး အခုတော့ bright လေးသနားပါတယ်"

"ဟုတ်တယ် kane ကိုအရမ်းမုန်းတာပဲ၊ကိုယ့်ကိုမချစ်တဲ့လူကို အတင်းလက်ထပ်ယူလို့ အခုသူအပြစ်တွေအတွက် ပြန်ပေးဆပ်ရပြီလေ"

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now