Win တို့ဒီနေ့ Netherlands နိုင်ငံကိုသွားမဲ့ ပထမဆုံးလေယာဥ်နဲ့လိုက်သွားပါပြီ၊tay က win သွားတာကိုအခုမှသိလို့ king ကိုရန်ရှာနေတယ်
"King.... win Netherlands သွားတာမင်းသိလား"
"အင်း..သိတယ်လေ၊ငါပဲလေယာဥ်လက်မှတ် ကိုစီစဥ်ပေးလိုက်တာ"
"Win ကအဲ့ကိုဘာသွားလုပ်တာလည်း"
"Kane အကြောင်းစုံစမ်းစရာရှိလို့တဲ့".
"Kane နဲ့ bright ကမကြာခင်မှာပဲလက်ထပ် ကြတော့မှာကို၊သူတို့နှစ်ယောက်လက်ထပ် သွားတော့လည်းအားလုံးအတွက် ကောင်းသွားတာပေါ့"
"ဘယ်သူအတွက်ကောင်းတာလဲ၊မင်းအတွက်ကောင်းတာလား"
"အဲ့လိုမဟုတ်ပါဘူးကွာ၊ဒါနဲ့ bright က kane နဲ့လက်ထပ်ဖို့ဘာလို့ သဘောတူလိုက်တာလည်း"
"အဲ့တာတော့ငါလည်း သေချာမသိဘူး၊ငါတို့မသိတဲ့အကြောင်းရာတွေ ရှိနေလို့နေမှာပေါ့၊သူငယ်ချင်း မင်းစွန့်လွတ်သင့်တဲ့ အရာကိုစွန့်လွတ်လိုက်ပါတော့.....မစွန့်လွတ်ပဲအရမ်းကြီး ဖက်တွယ်ထားမယ်ဆိုရင် နောက်ဆုံးမင်းနှလုံးသားပဲ နာကျင်ရလိမ့်မယ်...ငါပြောတာသဘောပေါက်လား"
"အေးပါကွာ၊ငါသိပါတယ်"
Tay အခုမှသိလိုက်ရတာက win အချစ်ကိုသူဘယ်တော့မှမျှော်လင့်လို့ မရတော့ဘူးဆိုတာပဲ၊bright က kane နဲ့လက်ထပ်သွားရင်တောင် win ကသူကိုဘယ်လိုနည်းနဲ့မှ ပြန်မချစ်လာနိုင်တော့ဘူး၊tay က win ကိုချစ်တဲ့ သူအချစ်တွေကို စွန့်လွတ်သင့်မှန်းသိပင်မဲ့ဖက်တွယ် ထားချင်နေတုန်းပဲတစ်ဖက်မှာလည်း နှလုံးသားက နာကျင်ရလွန်းလို့ win ကို လက်လွတ်လိုက်ချင်နေပါပြီ
Tay က new ကိုခေါ်ပြီးဘားကိုလာ၊tay အခုရင်ထဲကခံစားချက်တွေကို တစ်ယောက်ယောက်ကို ဖွင့်ပြောမှာဖြစ်တော့မယ်၊သူမပြောပဲမြိုသိပ်ထားရင် ခံစားချက်တွေပေါက်ကွဲ ထွက်ကုန်လိမ့်မယ်
"အကို...ကျွန်တော်ကိုဘာလို့ ဒီကိုခေါ်လာတာလည်း"
"အကို win ကြောင့်ခံစားနေရတာကို တစ်ယောက် ယောက်ကိုပြောပြမှဖြစ်တော့မယ်"
"အခုဘာတွေခံစားနေရလို့လည်း"
Tay ကမှာထားတဲ့ကော်တေး အပြင်းစားနှစ်ခွက်ကိုကုန်အောင်သောက်လိုက်၊new ကတော့တစ်ခွက်တောင်ကုန်အောင်မသောက်နိုင်ဘူး
