Win ကဦးလေး Zin ထားခဲ့တဲ့အယ်ဘမ် ထဲကသူပုံလေးတွေကိုကြည့်ပြီး မျက်ရည်တွေကျလာတယ်၊ဒါပင်မဲ့သူဘာမှမမှတ်မိပါဘူး၊ဓာတ်ပုံထဲကအမှတ်တ ရတွေကို သူဦးနှောက်ကမမှတ်မိပင်မဲ့ သူနှလုံးသားကခံစားမိနေလို့အခုလို့ မျက်ရည်တွေကျနေတာဖြစ်မယ်၊ဒီလိုနဲ့ win ဦးလေး Zin ဆီမှာပြန်လိုက်နေဖို့ ဆုံးဖြတ်လိုက်တယ်
နောက်ဦးလေး Zin ရောက်လာပြီး win ကိုလာခေါ်၊win ကဦးလေး Zin ကိုတစ်ခုတောင်းဆိုနေတယ်
"ဦးလေးကိုတစ်ခုလောက်တောင်းဆိုချင်တယ်"
Win ကဦးလေး Zin နဲ့သိပ်မရင်နှီးသေးလို့ အဖေလို့မခေါ်ချင်သေးဘူးလေ
"သား...ဘာတောင်းဆိုစရာရှိလို့လဲ"
"ကျွန်တော်ဦးလေးနဲ့ ပြန်လိုက်ခဲ့ပါမယ်၊ဒါပင်မဲ့ကျွန်တော်အမ One ကိုပါခေါ်လာလို့ ရမလား"
Win က One ကိုအရမ်းခင်တွယ်တာ၊win ပြန်သတိ ရလာထဲက One က win အနားမှာအစစအရာရာ ဂရုစိုက်ပေးခဲ့တာလေ
"အဲ့ဒါကတော့...အဖေကိုတောင်းဆိုရမှာမဟုတ်ဘူး၊သမီးလေး One နဲ့ ဆေးဆရာကြီးကို တောင်းဆိုရမှာ"
ဦးလေး Zin ကဆေးဆရာကို အကူညီတောင်းနေ၊ဆေးဆရာကနဂိုထဲက win နဲ့ One ကိုသဘောတူတာဆိုတော့ သူဂွင်ထဲဝင်လာတာပေါ့
"ကျွန်တော်ကတော့ သဘောတူတယ်၊သမီးသဘောကရော"
"သမီးလိုက်သွားရင် အဖေတစ်ယောက် ထဲကျန်ခဲ့မှာပေါ့၊သမီးမလိုက်ချင်....အား..နာတယ်အဖေ"
One ကမလိုက်ဘူးငြင်းနေလို့ ဆေးဆရာက One ရဲ့ဗိုက်ခေါက်ကို လိမ်ဆွဲနေတာပါ
"အဖေကတစ်ယောက်ထဲလည်း အဆင်ပြေပါတယ်သမီးရယ်၊သမီးကို win အဖေကလည်းပိုက်ဆံပေးမှာပါ၊သမီးပိုက်ဆံရှာပေးတော့ အဖေသက်သာတာပေါ့"
"ဟုတ်ပါတယ်၊သမီးလေး One ကို win ရဲ့အနီးကပ်စောင့်ရှောက်သူ တစ်ယောက်အနေနဲ့ ခေါ်သွားမှာပါ"
ဆေးဆရာက
"သမီးလေးသဘောကရော"
"အဖေသဘောအတိုင်းပါပဲ"
ဦးလေး Zin က win ကအိမ်ပြန်ခေါ်လို့ရပြီမို့ အရမ်းတွေပျော်နေတယ်၊win အိမ်ပြန်ရောက်တော့ သိပ်မသားမကျသေးပါဘူး၊နောက်မှာတဖြေးဖြေးနဲ့ ပျော်လာတာ ဦးလေး Zin လည်းအရင်ကသူတစ်ယောက်ထဲနေရတာလေ၊အခု win ရော One ရောရှိနေတာမို့ အလုပ်ကနေအိမ်ကို ပြန်လာတိုင်းအရင်လို အထီး ကျန်မနေတော့ပါဘူး၊win ကအရာအားလုံးအတိတ်မေ့သွားပင်မဲ့ရေကူးချင်တဲ့ စိတ်တွေကတော့သူ